မော်လမြိုင်၊ မတ် ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာလူငယ်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖုန်းတွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းရှိ လူစည်ကားရာနေရာတွေ၊ မြို့အဝင်အထွက်နေရာတွေအပြင် လမ်းဆုံလမ်းခွတွေမှာ အင်းအားအများအပြားအသုံးပြုပြီး နေ့ရောညပါ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။

အဲဒီလိုစစ်ဆေးရေးမှာ ဖုန်းတွေကိုပါ စစ်ဆေးလာသလို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို မှတ်ချက်ပြုရေးသားတာ၊ ပြန်လည်မျှဝေတာတွေ တွေ့ရှိပါက ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်နေ ကိုထွန်းလင်းရဲ့ ဖုန်းအ တွင်း ခေတ်သစ်နဲ့မဇ္ဈိမ သတင်းဌာနက သတင်းတွေကို ပြန်လည်မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက စစ်ကောင်စီဟာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ယာဉ်စစ်လို့ ပြောဆိုကာ ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အပြင် ဖုန်းတွေကိုပါ စစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းခံမှုတွေ ကျူးလွန်နေတယ်လို့ ပြောပါတယ်။

“အခုဟာက ဆိုင်ကယ်တွေ့လို့ရှိရင် ယာဉ်စစ်လို့ ပြောတယ်။ ယာဉ်စစ်ဆိုတော့ ဆိုင်ကယ်မောင်းတဲ့သူတွေက ရပ်ပေးလိုက်တယ်။ ရပ်ပေးပြီး ဖင်ထိုင်ခုံလှန်ပေးပြီးရင် ဖင်ထိုင်ခုံထဲမှာ မည်သည့်ပစ္စ ည်းမှ မတွေ့ဘူး။ မတွေ့ ရင် လွတ်ပေးလားဆိုတော့မဟုတ်ဘူး။ အခုက ကိုယ်ရေးကိုယ်တာ တခါမှမတွေ့ဖူးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ဖုန်းထဲကဟာတွေ လိုက်ကြည့်ပြီးတော့ နောက် ဆုံး ဘာမှမရတော့ရင် တစ်ခုခုကို အကြောင်းပြပြီးတော့ သူတို့ပါးစပ်ကထွက်တဲ့ ဈေးနဲ့ လုပ်စားနေတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်းတွေကို စစ်ဆေးပြီးနောက် ငွေ ကြေး အဆမတန် တောင်းခံတာတွေရှိနေပြီး ငွေကြေးမပေးဆောင်ပါက ဖမ်းဆီးအမှုဖွင့်တာတွေ လုပ်ဆောင်နေတာပါ။

နောက်ထပ် မော်လမြိုင်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီဟာ လူငယ်တွေရဲ့ ဖုန်းတွေစစ်ဆေးပြီး ပိုက်ဆံမပေးပါက ဖုန်းသိမ်းတာတွေကအစ လုပ်ဆောင်နေတဲ့အတွက် အပြင်ထွက်ဖို့တောင် စိုးရိမ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပြင်ထွက်လို့ရှိရင် ရဲနဲ့စစ်သားတွေက ဘာလုပ်စားလဲဆိုတော့ ဖုန်းပါသွားရင် Android ဖုန်းဆိုခေါ်စစ်တယ်။ ပြီးသွားရင်ဖုန်းထဲမှာ ဘာမှမရှိလည်းဘဲ မင်းက ဘာငြိစွန်းနေတယ်၊ ဟိုဟာ ငြိစွန်းနေတယ်၊ ဒီလောက် ပေးရမယ်၊ ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံ မပေးနိုင်ရင် ဖုန်းသိမ်းတယ်။ အဲဒီဖုန်းက ပြီးသွားတော့ Second ရောင်းတဲ့ဆိုင်တွေကိုပဲ ပြန်ရောက်တယ်။ အခုဆို လူတွေက ဘယ်လို ဖြစ်လာလဲဆိုတော့ အပြင်ထွက်တဲ့အခါမှာလည်း စိုးရိမ်စိတ်ဖြစ်နေရတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ညဘက်တွေမှာ စစ်ဆေးတဲ့ အခါမှာလည်း အရက်သေစာ သောက်စားထားပြီး ဆဲဆိုကြိမ်းမောင်းတာနဲ့ အမျိုးသမီးတွေကိုလည်း ထိက ပါးရိကပါး ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို စစ်ဆေးတဲ့နေရာမှာ လုံခြုံရေးနဲ့မသက်ဆိုင်တဲ့ ကား၊ ဆိုင်ကယ်လိုင်စင်တွေကို စစ်ဆေးတာ၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးတာ၊ နံပါတ်ပြားတွေ စစ်ဆေးတာအပြင် လူ့ခန္ဓာကိုယ်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်လာတာပါ။

အခုလို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ဖုန်းတွေကအစစစ်ဆေးကာ ဖမ်းဆီးမှုတွေ ပြု လုပ်လာတာကြောင့် လုံခြုံမှုမရှိတော့သလို လမ်းသွားဖို့တောင် အခက်အခဲရှိလာတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အရပ်သား ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၀၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.