ဆီဆိုင် – မတ် ၂၀
ပအိုဝ်းဒေသကို စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေသလို မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဆိုက်ခေါင်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ဆီဆိုင်မြို့ ကို အချက်ပေါင်း ၂၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ရဲ့ လမ်းမကြီးပေါ်တွေနဲ့ ကျေးရွာ တျို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း အများအပြားရှိနေတယ်လို့ ဆိုထားပါ တယ်။
ဒါ့အပြင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အချက် ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေ တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် အရပ်သား ၅၀ ကျော်သေဆုံးထားပြီး စစ်ဘေးရှောင် တစ်သိန်းနီးပါးအထိရှိ နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA