သထုံ ၊ မတ် ၂၁

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးမှာ မိုင်းခွဲခံရတဲ့အတွက် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း ပြင်ဆင်နေတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှု ရပ်နားထားတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်အရောက်မှာ မိုင်းခွဲခံရတာကြောင့် ရထားလမ်းပိုင်း ပျက်စီးခဲ့တာပါ။

ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း လာရောက်ပြင်ဆင်တဲ့အဖွဲ့ဟာ မတ် ၁၉ ရက်နေ့က ဒရုန်းနဲ့တိုက် ခိုက်ခံရပြီးနောက် ပြင်ဆင်မှုရပ်နားထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရထားလမ်းပိုင်း ပြင်ဆင်တဲ့အဖွဲ့ကို စစ်ကောင်စီဘက် လုံခြုံရေး မပေးနိုင်တာကြောင့် ပြင်ဆင်မှုရပ်နားထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

မော်လမြိုင်ဘူတာကြီးကလည်း ရထားလမ်းပိုင်း ပြင်ဆင်မှုမပြီးသေးလို့ မတ် ၂၀ ရက်နေ့အတွက် ရောင်းချပေးထားတဲ့ မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွေအတွက် လက်မှတ်ခ ငွေပြန်အမ်းပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သထုံခရိုင်မှာ အာဏာသိမ်းကာလအတွင်း ကုန်တင်ရထားနဲ့ ကျောက်တင်ရထားတွဲတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း ဘူတာရုံတွေအပါအဝင် ရထားလမ်းပိုင်း အကြိမ် ၂၀၀ နီးပါး ဖောက်ခွဲခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.