မော်လမြိုင်၊ မတ် ၂၁
AAPP ရဲ့ မတ် ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်း ကာလ (၁၁၄၄) ရက်အတွင်း ပြည်သူ (၄၇၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူကတော့ (၆၁၃၂) ဦး ရှိပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၆၉) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP