March 20, 2024

ရုရှားအန္တရာယ်ကြောင့် ဂျာမန် တာဝေးပစ်ဒုံးကျည်တွေ ဝယ်မယ်

ဘာလင်၊ မတ် ၂၁ ရုရှား-နေတိုးစစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ဂျာမနီဟာ ကာကွယ်ရေးကို နောက်ဆုံးတည်ဆောက်ဖို့ ကြိုးပမ်းမှုအဖြစ် လေတပ်က ယူရို ၈ ဘီလျံတန်ဖိုးရှိ အမေရိကန်ရဲ့ ခရု့ဇ်ဒုံးကျည် ၇၅ စင်း ဝယ်ယူဖို့ မှာထားတယ်လို့ သိရပါတယ်။ JASSM-ER ဒုံးကျည်တွေဟာ ကီလိုမီတာ ၉၀၀ အထိပစ်ခတ်ရောက်ရှိနိုင်ပြီး ဂျာမန် အဓိပတိ အိုလက်ဖ် ရှူးလ်က ယူကရိန်းသို့ ပေးပို့ဖို့…

ယူကရိန်း ရှင်သန်ရေး အန္တရာယ်ကျရောက်နေပြီလို့ ပင်တဂွန်အကြီးအကဲ သတိပေး

ဝါရှင်တန်၊ မတ် ၂၁ ယူကရိန်းရှင်သန်ရပ်တည်ရေး အန္တရာယ်ကျရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က သတိပေးလိုက်ပါတယ်။ အမေရိကန်မှာ ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့ဖို့ ငွေမရှိတော့ပေမယ့် ကိဗ်အစိုးရကို ဆက်လက်ကူညီရေး အမေရိကန်က ကတိပြုထားဆဲဖြစ်တယ်လို့ ကန်ကာကွယ်ရေး ဝန်ကြီးက ဆိုခဲ့တာပါ။ ယူကရိန်းအတွက်နောက်ထပ် ဒေါ်လာ ဘီလျံ ၆၀ ပေးအပ်ရေး ဥပဒေကြမ်းတစ်ရပ် မဲခွဲဆုံးဖြတ်ဖို့ တိုက်တွန်းချက်တွေကို အောက်လွှတ်တော်…

စစ်အာဏာသိမ်း (၁၁၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၂၁ AAPP ရဲ့ မတ် ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်း ကာလ (၁၁၄၄) ရက်အတွင်း ပြည်သူ (၄၇၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူကတော့ (၆၁၃၂) ဦး ရှိပြီဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မှာ လူငယ်တွေကို ဖုန်းစစ်ပြီး ဆက်တိုက်ဖမ်းဆီးနေ

မော်လမြိုင်၊ မတ် ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာလူငယ်တွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ဖုန်းတွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းရှိ လူစည်ကားရာနေရာတွေ၊ မြို့အဝင်အထွက်နေရာတွေအပြင် လမ်းဆုံလမ်းခွတွေမှာ အင်းအားအများအပြားအသုံးပြုပြီး နေ့ရောညပါ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။ အဲဒီလိုစစ်ဆေးရေးမှာ ဖုန်းတွေကိုပါ စစ်ဆေးလာသလို စစ်ကောင်စီက…

သင်္ဃန်းညီနောင် ခမရ ၃၅၆ တပ်ကို KNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

မြဝတီ၊ မတ် ၂၁ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ်(၃၅၆) ခြေ မြန်တပ်ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၆ တပ်ရင်းကို KNLA တပ်မဟာ ၆ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ် ၁၅…

ရေးမှာ ရိုဟင်ဂျာ ၈၀ နီးပါး ဖမ်းဆီးခံရ

ရေး၊ မတ် ၂၁ မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရဲ့ အနောက်တောင်ဘက်ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၇၈ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဇွဲခေတ်ဆန်းအမည်ရှိစက်လှေကို စစ်ကောင်စီရေတပ်အဖွဲ့က တားဆီးစစ်ဆေးရာ လှေပေါ်မှာ ရိုဟင်ဂျာတွေ တွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲမှာ…

ဒရုန်းဗုံးချခံရလို့ မော်လမြိုင်-ရန်ကုန်ရထားလမ်း ပြင်ဆင်မှုရပ်နား

သထုံ ၊ မတ် ၂၁ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးမှာ မိုင်းခွဲခံရတဲ့အတွက် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း ပြင်ဆင်နေတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှု ရပ်နားထားတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်အရောက်မှာ မိုင်းခွဲခံရတာကြောင့်…

ပအိုဝ်းဒေသကို လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကောင်စီဖျက်ဆီးနေတယ်လို့ PNLA အသိပေး

ဆီဆိုင် – မတ် ၂၀ ပအိုဝ်းဒေသကို စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေသလို မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဆိုက်ခေါင်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ဆီဆိုင်မြို့ ကို အချက်ပေါင်း ၂၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ရဲ့ လမ်းမကြီးပေါ်တွေနဲ့ ကျေးရွာ…

ကျိုက်ဒုံရှိ စစ်ကောင်စခန်းကုန်း နှစ်ခုကို KNLA နဲ့ SOF ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကျိုက်ဒုံ၊ မတ် ၂၀ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းနှစ်ခုကို KNLA နဲ့ SOF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားတွေ အထိုင်ချတပ်စွဲထား တဲ့ မဲသရောထ စခန်းကုန်းကို KNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ…

လက်နက်ချ အညံ့ခံတဲ့ ဗျူဟာမှူးအပါအဝင်စစ်သား ၆၀ ကျော်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ KNU ထုတ်ပြန်

ကျိုက်ဒုံ ၊ မတ် ၂၀ ကရင်ပြည်နယ် ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးနဲ့ အရာရှိအပါအဝင် အယောက် ၆၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးလျက်ရှိနေတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ ၁၃ လက်အောက်ခံ နဗဟ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး…