ဂျကာတာ – မတ် ၂၀ 

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲပြီးဆုံးသွားပေမယ့် တရားဝင်မဟုတ်တဲ့ ရလဒ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အကြမ်းဖက်ပုံစံ ဖြစ်မသွားစေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ အင်ဒိုအစိုးရက ရဲတပ်ဖွဲ့ဝင်တွေ ချထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ တရားဝင်မဟုတ်တဲ့ ရလဒ်တွေကဖော်ပြထားတဲ့ စစ်ဗိုလ်ချုပ် ဟောင်း ပရာဘိုဝို ဆူဘီယန်တို သမ္မတ ဖြစ်မလာစေရေး ရွေးကောက်ပွဲ အာဏာပိုင်တွေက တားဆီးပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။ 

နိုင်ငံရေးအရ တင်းမာမှုအနည်းငယ်ရှိပေမယ့် ဆန္ဒပြပွဲတွေမှာတော့ ပြဿနာ တစုံတရာဖြစ်ပွား တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲရဲ့ တရားဝင်ရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင် က မတ်လ ၂၀ ရက်နေ့မှာ ကြေညာဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝိုဟာ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဂျကာတာ အုပ်ချုပ်ရေး မှူးဟောင်း အန်နိစ် ဘက်စ်ဝီဒန်နဲ့ ဗဟိုဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနိုဝို တို့ကို မဲအသာစီးနဲ့ အနိုင်ရတယ်လို့ အမှီအခိုကင်းတဲ့ မဲစာရင်း စောင့်ကြည့်ရေးအဖွဲတွေနဲ့ ပညာ ရှင်တွေက ပြောထားပါတယ်။

ပရာဘိုဝိုဟာ မဲ ၅၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး အန်နိစ်ကတော့ ၂၅ ရာခိုင်နှုန်း၊ဂန်ဂျာက ၁၇ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ တရားဝင်မဟုတ်တဲ့ ရွေးကောက်ပွဲရလဒ်တွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပချိန် မူမမှန်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရွေးကောက်ပွဲ ရလဒ်တွေအပေါ် စိန်ခေါ်မှုတွေ ရှိလာမယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုထားတာပါ။

သမ္မတ ဂျိုကို ဝီဒိုဒိုဟာလည်း ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်ခဲ့ပြီး သူ့ရဲ့အကြီးဆုံးသားဖြစ် သူ ရာကာနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပရာဘိုဝိုကို သဘောကျကြောင်းပြသခဲ့တယ်လို့ စွပ်စွဲခံထားရ ပါတယ်။

ရွေးကောက်ပွဲ ကျင်းပချိန်မှာရော ရွေးကောက်ပွဲပြီးချိန်မှာပါ လိမ်လည်မှုတွေရှိတာတွေရတယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုရဲ့ ပြောခွင့်က မာလင်ဘာတိုက ပြောခဲ့ပါတယ်။

ပရာဘိုဝိုရဲ့ ပြိုင်ဘက်တွေကတော့ ရွေးကောက်ပွဲရှုံးနိမ့်တယ်လို့ ဝန်မခံကြသေးဘဲ တရားဝင် ရလဒ်ထွက်ပေါ်ပြီးတာနဲ့ နိုင်ငံတော် တရားရုံးမှာ တိုင်ချက်ဖွင့်ဖို့ စောင့်နေကြတယ်လို့ သိရပါ တယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.