စလင်း – မတ် ၁၉
မကွေးတိုင်း၊စလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့ ညပိုင်းက စစ်မှုထမ်းဖို့ နှိုးဆော်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးဆိုသူကို စလင်းမြို့နယ် ပကဖအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီနဲ့ ပူးပေါင်းအာဏာပြနေတဲ့ အုပ်ချုပ်ရေးမှူးဟာ သတိပေးမှုတွေရှိနေတဲ့ ကြားက စစ်တပ်အလိုက ပြည်သူတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေကြောင့် အခုလို အရေးယူခဲ့တာ ဖြစ်တယ်လို့ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ခရိုင်၊မြို့နယ်အတွင်းမှာ ပြည်သူတွေက စစ်ကောင်စီရဲ့ နှိပ်စက်ညှင်းပန်းသမျှကို ခံနေရတယ်။ အဲဲဒါကိုရတဲ့နည်းလမ်းတွေနဲ့ ကာကွယ်ကြရမှာဖြစ်ပါတယ်” လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့သူတွေကို လည်း အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။
ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ ပခက်တိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ရဲ့လက်ထဲမှာ စစ်လက်နက် ပစ္စည်းတွေပါ တွေ့ရှိရတာကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးဆီကနေ သေနတ်အတို လက်လုပ်တစ်လက်နဲ့ Icon တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်မ်
ဓာတ်ပုံ – Social Media