Container ships and bulk carriers behind the Marina Bay Sands hotel and casino offshore from Singapore, on Monday, Feb. 19, 2024. Singapore must be prepared for a more challenging trade environment going forward regardless of who wins the US presidential election in November as the city-state seeks a place in what its top trade official described as a supply chain "new order." Photographer: SeongJoon Cho/Bloomberg

ဘေဂျင်း၊ မတ် ၂၀

စင်္ကာပူနိုင်ငံရောက်နေတဲ့ တရုတ်နိုင်ငံသားတွေတွေအနေနဲ့ လောင်းကစားမှုအားလုံးကို ရှောင်းရှာကြဖို့ စင်္ကာပူအခြေစိုက် တရုတ်သံရုံးက သတိပေးလိုက်ပြီး ပြည်ပမှာ လောင်းကစားလုပ်တာဟာ တရုတ်ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေကြား လူကြိုက်များနေတဲ့ အရှေ့တောင်အာရှတဝှမ်း တရုတ်နိုင်ငံသားတွေ လောင်းကစားလုပ်မှုကို နှိမ်နင်းရေး အစိုးရက ကြိုးပမ်းနေချိန်မှာ စင်္ကာပူအခြေစိုက် တရုတ်သံရုံးက အခုလိုကြေညာချက်ထွက်ပေါ်လာတာပါ။

စင်္ကာပူမှာ ကာစီနိုလုပ်ငန်းနှစ်ခုရှိပြီး  Las Vegas Sands ကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ Marina Bay Sands Casinoနဲ့ Genting Singapore ကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ Resorts World Sentosa Casino တို့ဖြစ်တယ်လို့ သိရပါတယ်။

စင်္ကာပူရောက် တရုတ်နိုင်ငံသားတွေအနေနဲ့ ဥပဒေဆိုင်ရာ သတိရှိမှု အားကောင်းအောင် လုပ်ဆောင်ကြဖို့ အလေးအနက်သတိပေးတယ်လို့ တရုတ်သံရုံးက အသိပေးထားပါတယ်။

နိုင်ငံခြားက ကာစီနိုရုံတွေဟာ တရားဝင်ဖွင့်လှစ်ထားတာဖြစ်ပေမယ့် တရုတ်နိုင်ငံသားတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်လောင်းကစားလုပ်မှုဟာလည်း နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုထားတာပါ။

ဒါ့အပြင် အခုလိုဥပဒေချိုးဖောက်မှုတွေအတွက် မိမိတို့ သံရုံးတွေ၊ကောင်စစ်ဝန်ရုံးတွေ အနေနဲ့လည်း ကာကွယ်မှုပေးနိုင်ဖွယ် မရှိဘူးလို့လည်း အသိပေးထားပါတယ်။

စင်္ကာပူသံရုံးနည်းတူ တောင်ကိုရီးယားနဲ့ သီရိလင်္ကာနိုင်ငံအခြေစိုက်သံရုံးတွေကလည်း ဒီလိုကြေညာချက်တွေနဲ့ သူ့နိုင်ငံသားတွေကို အသိပေးထားပါတယ်။

တရုတ်အစိုးရက နယ်စပ်ဖြတ်ကျော်၊ပြည်ပနဲ့ အွန်လိုင်းမှာ လောင်းကစားလုပ်မှုတွေကို အရှိန်မြှင့် နှိမ်နင်းနေတယ်လို့လည်း ဆိုထားပါတယ်။

ပြည်ပလောင်းကစားလုပ်မှုတွေမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၄၀ ကျော်ကိုလည်း ပြန်လည်ပို့ဆောင်ရေး တရုတ်နဲ့ ဖိလစ်ပိုင် တာဝန်ရှိတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပူးပေါင်းဆောင်ရွက်ထားပါသေးတယ်။

တရုတ်အစိုးရအနေနဲ့ လောင်းကစားလုပ်မှု ပုံစံအားလုံးနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ဖို့ နိုင်ငံထဲက ထွက်ခွာမှုတွေကို အမြဲဆန့်ကျင်တယ်လို့ သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.