March 18, 2024

မြန်မာပြဿနာ ကူညီဖြေရှင်းရေး အချက်လေးချက် အစီအစဉ် ထိုင်းလွှတ်တော် တင်သွင်း

ဘန်ကောက်၊ မတ် ၁၉ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းရေး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေးဆိုင်ရာကော်မတီက အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် တင်သွင်းထားပါတယ်။ ဖျူထိုင်းပါတီ လွှတ်တော်အမတ် ကော်မတီ ဥက္ကဋ္ဌ နော်ပါဒွန် ပတ်တာမာက မိမိတို့ကော်မတီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေပြီး ပြဿနာအဆုံးသတ်ရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ ဆိုခဲ့တာပါ။ ထိုင်းအစိုးရက စုပေါင်းတုံ့ပြန်မှုတစ်ရပ်ပြုလုပ်ရေး အထောက်ကူဖြစ်စေမယ့် အချက် ၄…

ရုရှားရွေးကောက်ပွဲမှာ ပူတင် အပြတ်အသတ်အနိုင်ရ

မော်စကို၊ မတ် ၁၉ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် ရာထူးသက်တမ်းအတွက် မဲ ၈၇ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က မိမိတို့ ရွေးကောက်ပွဲဟာ အနောက်တိုင်းရွေးကောက်ပွဲတွေထက် ပိုမိုပွင့်လင်းမြင်သာရှိတယ်လို့ ပြောပါတယ်။ အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ ရွေးကောက်ပွဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော်က ခွင့်ပြုခဲ့တဲ့ တခြားကိုယ်စားလှယ်လောင်း သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။…

သထုံမှာ ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရ

သထုံ၊ မတ် ၁၈ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ပေါင်းကူးတံတားမှာ ဒီနေ့ မတ် ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ ရထားလမ်းချောင်းကူး တံတားပေါ်အရောက်မှာ မိုင်းခွဲခံလိုက်ရတာ ဖြစ်ပါတယ်။ မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၂၀…

ရသေ့တောင်မြို့ကို AA သိမ်းပိုက်၊ သိမ်းပိုက်ထားတဲ့ မြို့ ၉ မြို့အထိ ရှိလာ

ရသေ့တောင်၊ မတ် ၁၈ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တပ်ရင်းတွေကို AA က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ…