ဂါဇာ၊ မတ် ၁၆

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ မတ် ၁၄ ရက်နေ့က တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စားစရာပေးဝေချိန် စောင့်ဆိုင်းနေသူ ၂၉ ဦးသေဆုံးခဲ့တယ်လို့ ဟားမာစ့်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးက ဂါဇာအလယ်ပိုင်း အယ်လ်နူဆီရတ် ဒုက္ခသည်စခန်းက အကူအညီပေးရေး စင်တာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဟားမာ့စ်အရာရှိတွေက ဆိုခဲ့တာပါ။

ဒါ့အပြင် ဂါဇာမြောက်ပိုင်းမှာ အကူအညီပေးရေးယာဉ်တန်းကို စောင့်ဆိုင်းနေသူတွေကို အစ္စရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ၂၁ ဦး ထပ်မံသေဆုံးခဲ့သေးတယ်လို့ အသိပေးထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဲဒီလိုတိုက်ခိုက်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းအမှားဖြစ်တယ်လို့ ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေအနေနဲ့လည်း ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကိုသာ ဖော်ပြကြဖို့လည်း အစ္စရေးစစ်ဘက်ရဲ့ ကြေညာချက်မှာ အသိပေးထားပါတယ်။

လက်ရှိမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ များပြားလာတာနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

ဒါပေမယ့် ဂါဇာစစ်ပွဲဟာ ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံထဲ ဝင်ရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အစ္စရေးက ဟားမာ့စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ထားပြီး မိမိတို့ရဲ့ ရည်မှန်းချက်ကို ဘယ်သူမှ တားဆီးလို့ရမှာမဟုတ်ဘူးလို့ ဆိုထားသလို အစွန်းရောက်တွေကို မနှိမ်နင်းပါက တနေ့ နေ့မှာ အမေရိကန်သို့ ဖုတ်ကောင်တွေနဲ့တူတဲ့ အကြမ်းဖက်သမားတွေ ရောက်လာလိမ့်မယ်လို့ လည်း အစ္စရေးထောက်လှမ်ရေးက သတိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.