ဟားခါး – မတ် ၁၁
ချင်းပြည်နယ်၊ဟားခါးမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းက ရဲတပ်သား တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force – Hakha က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဦးဟာ အလင်းဝင်ရောက်လာတာဖြစ်ပြီး သူ့ကို ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ အသိပေးထား ပါတယ်။
သူနဲ့အတူ သေနတ်တစ်လက်၊ ကျည်ကပ် ၄ ခုနဲ့အတူ ကျည်ဆံ ရာနဲ့ချီပါဝင်လာခဲ့တယ်လို့ CDF – Hakha က အသိပေးထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား အလင်းဝင်ရောက်လာတာ ၃ သောင်းဝန်ကျင်အထိရှိနေပြီဖြစ်တယ်လို့ NUG ရဲ့အချက်အလက် တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CDF – Hakha