ပါရီ၊ မတ် ၁၂

ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်ရဲ့ ဖေဖော်ဝါရီလကတည်းက ယူကရိန်းသို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို တတိယအကြိမ် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ကို လာမယ့်သီတင်းပတ်တွေမှပဲ သွားရောက်တော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက မတ် ၁၀ ရက်နေ့မှာ အသိပေးပြောကြားခဲ့တာပါ။

သမ္မတဗိုလိုဒီမာဇီလန်စကီးနဲ့ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးရေး ယူကရိန်းသို့ ဖေဖော်ဝါရီလအတွင်း သွားရောက်မယ်လို့ မက်ခရွန်က ကနဦးကပြောဆိုခဲ့ပါတယ်။

သမ္မတရဲ့ ယူကရိန်းခရီးစဉ်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေက အနီးကပ် အဆက်အသွယ် ဆက်လုပ်ဖို့ သဘောတူထားကြပြီး လာမယ့်သီတင်းပတ်တွေမှာ သွားရောက်ဖို့ ရှိတယ်လို့ နှစ်နိုင်ငံခေါင်းဆောင်တွေ မတ် ၁၁ ရက် မနက်ပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

ပင်လယ်နက်မြို့ အိုဒက်စ်ဆာမှာ ဂရိဝန်ကြီးချုပ်နဲ့ ဇီလန်စကီးတို့ တွေ့ဆုံချိန် ကီလိုမီတာ ၂၀၀လောက်မှာ ရုရှားဒုံးကျည် ထိမှန်ပေါက်ကွဲခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မက်ခရွန်ရဲ့ ယူကရိန်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

ရုရှားဟာ ပြင်သစ်နဲ့ ဥရောပကို ရန်လိုမှုပိုများလာပြီး ရုရှားကိုချေမှုန်းမှဖြစ်မယ်လို့ မက်ခရွန်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ကူညီရေး ဥရောပမဟာမိတ်တွေအနေနဲ့ အရေးတကြီးလှုပ်ရှားကြဖို့ သူကတိုက်တွန်းပြီး အနောက်တိုင်းအနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို ယူကရိန်းသို့ စေလွှတ်ရေး ပယ်ချထားလို့ မဖြစ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနဲ့ တစ်သားတည်းရှိကြောင်းပြသရေး၊ မဟာမိတ်တွေကြား စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရေး မက်ခရွန်က သူနဲ့အတူ အနောက်တိုင်းနိုင်ငံ့ခေါင်းဆောင်တွေကိုပါ ယူကရိန်းသို့ ခေါ်သွားမယ် ၊ခေါ်မသွားဘူးဆိုတာ စဉ်းစားနေတယ်လို့ သံတမန်ရေး သတင်းရင်းမြစ်နှစ်ခုကလည်း ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.