March 11, 2024

သင်္ဃန်းညီနောင်မကျရေး စစ်ကောင်စီ လေကြောင်းနဲ့အပြင်းအထန် ခုခံနေ

မြဝတီ၊ မတ် ၁၂ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်ဒေသ မကျရေးအတွက် စစ်ကောင်စီတပ်ကနေ လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် အတွဲလိုက်ပစ်ဒုံးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် အပြင်းအထန် လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။ သင်္ဃန်းညီနောင်တိုက်ပွဲ ၅ ရက်မြောက်နေ့မှာ KNLA တော်လှန်ရေးအင်အားစုတွေ လအတော်အကြာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ မြဝတီမြို့အနီးက လက်ခတ်တောင်ဘက်ကို မတ် ၁၁ ရက် မနက် ၁ နာရီအချိန်ခန့်က…

ရဲတပ်သားတစ်ဦး CDF – Hakha ထံလက်နက်နဲ့အလင်းဝင်လာ

ဟားခါး – မတ် ၁၁ ချင်းပြည်နယ်၊ဟားခါးမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းက ရဲတပ်သား တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force – Hakha က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဦးဟာ အလင်းဝင်ရောက်လာတာဖြစ်ပြီး သူ့ကို ဆုငွေ ကျပ်သိန်း ၅၀…

ပြင်သစ်သမ္မတမက်ခရွန်ရဲ့ ယူကရိန်းခရီးစဉ် ထပ်မံရွှေ့ဆိုင်း

ပါရီ၊ မတ် ၁၂ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်ရဲ့ ဖေဖော်ဝါရီလကတည်းက ယူကရိန်းသို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို တတိယအကြိမ် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကို လာမယ့်သီတင်းပတ်တွေမှပဲ သွားရောက်တော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက မတ် ၁၀ ရက်နေ့မှာ အသိပေးပြောကြားခဲ့တာပါ။ သမ္မတဗိုလိုဒီမာဇီလန်စကီးနဲ့ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးရေး ယူကရိန်းသို့ ဖေဖော်ဝါရီလအတွင်း သွားရောက်မယ်လို့ မက်ခရွန်က ကနဦးကပြောဆိုခဲ့ပါတယ်။…

ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံးမှု အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ပြော

မော်စကို၊ မတ် ၁၂ သေဆုံးသွားပြီဖြစ်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်နီဟာ ထောင်ထဲမှာရုတ်တရက် မသေဆုံးခင် လပိုင်းအလိုကတည်းက သူအဆိပ်ခတ်ခံလိုက်ရပြီလို့ထင်ကြောင်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ နာဗယ်နီအတွက် ၁၆နှစ်အကြာ ရှေ့နေလိုက်ပေးခဲ့တဲ့ အိုဂါ မီခေးလ်လိုဗာက ၂၀၂၃ ဧပြီလအတွင်း နာဗယ်နီနဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာန Meduzaသို့ ပြောကြားခဲ့တာပါ။ အဲဒီအချိန်မှာ နာဗယ်နီက “သူတို့ကျွန်တော့်ကို အဆိပ်ခတ်ဖို့…

MNDAA တပ်မတော်တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့

မော်လမြိုင် – မတ် ၁၁ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာအမျိုးသားဒီမိုကရပ်တစ် တပ်မတော် MNDAA ဟာ ဒီနေ့မှာ ၃၅ နှစ်ပြည့်မြောက်ခဲ့တာပါ။ ဖြတ်သန်းလာတဲ့တော်လှန်ရေးသမိုင်းတလျှောက်…