မြဝတီ၊ မတ် ၁၀
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ ၃၅၅ တပ်ရင်းနဲ့ ရဲစခန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိထားတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန် ရေးအင်အားစုအဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။
သင်္ဃန်းညီနောင်တိုက်ပွဲစဖြစ်တဲ့ မတ် ၇ ရက်နေ့ကနေ မတ် ၉ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းဗျူဟာစခန်းကုန်းမကျရေးအတွက် လက်နက်ကြီးနဲ့ လေ ကြောင်းပစ်ကူတွေ နေ့စဉ်တရစပ်အသုံးပြုတိုက်ခိုက်နေပေမယ့် လတ်တလောမှာ ခမရ ၃၅၅ တပ်ရင်းနဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံးနီးပါး စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြပြီး လက် နက်ခဲယမ်းတွေကိုလည်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲ ဘော်တစ်ဦးက ပြောပါတယ်။
မတ် ၉ ရက်နေ့မှာလည်း သင်္ဃန်းညီနောင်အခြေချ စစ်ကောင်စီဗျူဟာကုန်းကို KNLA ပူးပေါင်းအဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲတိုက် ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၄ ဦး သေဆုံးသွားခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအများအပြားလည်း မြဝတီမြို့ပေါ်ကို ထွက် ပြေးတိမ်းရှောင် ခိုလှုံနေရပါတယ်။
သင်္ဃန်းညီနောင်ဒေသမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၂ လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းနဲ့ သင်္ဃန်းညီနောင်အခြေချဗျူ ဟာတို့တည်ရှိပြီး စစ်ရေးအရ နယ်စပ်မြို့ မြဝတီမြို့ရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media