March 10, 2024

စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် မွန်ပြည်နယ်ရော်ဘာကဏ္ဍ ရပ်နားရမယ့် ကိန်းဆိုက်လာ

မော်လမြိုင် ၊ မတ် ၁၀ ရာမညရွှေဖြူလို့ တင်စားကြတဲ့ မွန်ပြည်နယ်ရော်ဘာကဏ္ဍဟာ တရားမဝင်ပို့ဆောင်မှု အကြောင်း ပြချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ရော်ဘာကဏ္ဍတစ်ခုလုံး ရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်တင်ပို့မှုတွေရှိနေတယ်ဆိုကာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စစ်ဆေးရေးဂိတ်တွေနဲ့ ကုန်သွယ်ရေးလမ်း ကြောင်းတွေမှာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။…

မွန်ပြည်နယ်မှာ စစ်မှုထမ်းဟောင်းတွေကို စစ်ကောင်စီစတင်ဆင့်ခေါ်

မော်လမြိုင် ၊ မတ် ၁၀ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် အင်အားချိနဲ့လာတဲ့ စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းဖို့ မွန်ပြည်နယ်မှာ စစ်မှုထမ်းဟောင်းတွေကို စတင်ဆင့်ခေါ်နေပြီလို့ တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်အာဏာသိမ်းယူချိန်ကနေ သုံးနှစ်ပြည့်ကာလအထိ စစ်မျက်နှာများစွာ ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ မဆုတ်တမ်းခံစစ်စခန်းတွေကနေ တပ်ရင်းအ လယ်ဒေသကွပ်ကဲမှုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အထိ ဆုံးရှုံးမှုများစွာနဲ့ လက်လွှတ်ခဲ့ရတာပါ။ ဒီအခြေအနေမှာ…

သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းနဲ့ ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

မြဝတီ၊ မတ် ၁၀ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ ၃၅၅ တပ်ရင်းနဲ့ ရဲစခန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိထားတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…