မော်လမြိုင် ၊ မတ် ၈

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် ထိခိုက်ခံစားရသူတွေ အပါ အဝင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အကြမ်းဖက်မှုကင်းစင်တဲ့ လူမှုဘဝဆိုင်ရာ က တိကဝတ်ကို ဖြည့်ဆည်းနိုင်ဖို့ အရေးပေါ်ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောပါတယ်။

မတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီက မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအတွက် အရေးကြီးတဲ့ သတင်းစကားတွေနဲ့အတူ ကြေညာ ချက် ထုတ်ပြန်လာတာပါ။

အရေးကြီးတဲ့ သတင်းစကားတွေထဲမှာ အလွှာပေါင်းစုံရှိ နှစ်ရှည်အကျပ်အတည်းတွေကြားမှာ အ မျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်မှုဟာ အရင်ကထက် ပိုမိုအရေးကြီးလာတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ရှုမြင်ပါတယ်။

အခုနှစ်မှာ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လူမှုဘဝ ကဏ္ဍအသီးသီးကို သက်ရောက်စေတဲ့ အလွှာပေါင်းစုံ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ၉ ဒဿမ ၇ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

မိမိတို့ နိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ လူမှုအသိုက်အဝန်းအပေါ် ဒုက္ခကြီးစွာကျရောက်စေတဲ့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို လျင်မြန်ဖြေရှင်းနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူမှုကဏ္ဍပေါင်းစုံမှာ ကျား/မ (Gender) တန်းတူညီမျှမှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ အ မျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်စေရေး အားဖြည့်လုပ်ဆောင်ပေးဖို့ လိုအပ်ပြီး အမျိုးသမီးတွေရဲ့ စွမ်း ဆောင်နိုင်မှုကနေ ငြိမ်းချမ်းရေး ပိုမိုတည်တံ့ခိုင်မြဲစေဖိုနဲ့ သာယာဝပြောရေးဆီ ပိုမိုချိတ်ဆက်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာတော့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုဂုဏ်ပြုတယ်လို့ အမေရိကန်အပါအဝင်နိုင်ငံ ၇ နိုင်ငံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသမီး ၈၀၀ ကျော်သေဆုံးပြီး ၃၃၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို အမျိုးသမီး ၈၀၀ နီးပါး အကျဉ်းကျခံနေရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.