Officers and soldiers of the Kachin Independence Army (KIA) check a Chinese made anti-aircraft machine gun set on a hilltop. With its 6,000 troops, the KIA is one of the best organized and equipped armed ethnic groups in Burma (Myanmar). In 1994, the KIA signed a cease-fire agreement with the Burmese junta. In April 2009, in the perspective of the November 7, 2010 general elections, the government ordered to the cease-fire ethnic groups to transform themselves into Border Guard Forces. Some groups have accepted but the most powerful such as the KIA, feeling threatened in their existence, have refused.

လိုင်ဇာ ၊ မတ် ၉

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် ရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီကို ကချင်လွတ်လပ်‌ရေးတပ်မတော် KIA က ကချင်ဒေသမှာ ထောင်ချီတဲ့ မဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်နွှဲပြီး တပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ကနေ သိရပါတယ်။

KIA က မတ် ၇ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လေယာဉ်ကွင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့အထိကတော့ စကစရဲ့ တပ်စခန်းတွေကို ၁၀ ခုကျော်တော့ ကျွန်တော်တို့ သိမ်းပိုက်လို့ရပါပြီ။ အဲဒါကာကင်းလို့ ပြောရမှာပေါ့၊ သူတို့က ပင်မတပ်စခန်းတွေရဲ့ လုံခြုံရေးယူထားတဲ့ စ ခန်းတွေပေါ့။ ဒါပေမယ့် ပင်မစခန်းတွေ စခန်းကြီးတွေတော့ ဆက်ပြီးတိုက်နေတုန်းပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းနာမည်တွေအပါအဝင် နှစ်ဘက်အဖွဲ့တွေရဲ့ ထိခိုက်သေ ဆုံးမှုကိုတော့ ဗိုလ်မှူးကြီးနော်ဘူက ထုတ်ပြောတာမရှိပေမယ့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသေဆုံးခဲ့တယ်လို့ အတည်ပြုကြပါတယ်။

မတ် ၈ ရက်နေ့မှာလည်း လိုင်ဇာမြို့အနီးတဝိုက်ရှိ ခါရာတောင်နဲ့ ဘွမ်ရယ်တောင်ဘက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KIA အနေနဲ့ အခုလို ထိုးစစ်ဆင်နေတာဟာ မြို့သိမ်းတိုက်ပွဲအထိ ဆက်လက်ဖော်ဆောင်မယ့် အခြေအနေရှိမရှိ သံလွင်တိုင်းမ်က မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“အခုကျွန်တော်တို့ တိုက်နေတဲ့ စခန်းတွေအားလုံးက လွန်ခဲ့တဲ့ ၂၀၁၁/၁၂/၁၃ လောက်မှာ ကျွန် တော်တို့ထိုင်တဲ့ စခန်းကြီးတွေပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ လက်လွှတ်စွန့်ခွာသွားတဲ့ စခန်းတွေပဲ ဖြစ်ပါတယ်။ အဲဒီစခန်းတွေကို အဓိကပြန်ယူဖို့ တိုက်တာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့လည်း ကချင်ဒေသ ထိုးစစ်တွေမှာ မဟာမိတ်ဖြစ်တဲ့ KIA နဲ့ ပူးတွဲစစ်ရေးလှုပ်ရှားနေတဲ့အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်တွေကို ဆင်နွှဲနေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၃ တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ပွိုင့် ၆၁၁ (Ntap Bum) စခန်းကုန်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးတွေအပြင် လေကြောင်းကနေ တစ်ရက်လုံး ပစ်ခတ်တိုက် ခိုက်ခဲ့တဲ့အတွက် KIO ဌာနချုပ် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီး လက်နက်ကြီးကျရောက်ခဲ့သလို တရုတ်နယ်စပ်မြို့ဘက်ကိုလည်း လက်နက်ကြီးတချို့ ကျ‌ရောက်ပေါက်ကွဲခဲ့တယ်လို့ AA ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.