မော်လမြိုင် ၊ မတ် ၇
တရိပ်ရိပ်မြင့်တက်လာတဲ့ ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးနှုန်းဟာ မတ်လပထမအပတ်အ တွင်း တစ်ကျပ်သားကို ကျပ် ၄၀ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီနောက်ဆုံးအပတ်က တစ်ကျပ်သား ကျပ် ၃၉ သိန်းကျော်သာ ရှိရာကနေ အခုအခါမှာတော့ ကျပ် ၃၉ သိန်း ၉ သောင်းကျော်အထိ ဈေးနှုန်း မြင့်တက်လာတာပါ။
ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ဈေးကွက်အတွင်း စစ်ကောင်စီဌာနစုံပူးပေါင်းအဖွဲ့တွေ နေ့စဉ်နဲ့အမျှ ခေါ်ယူစစ်ဆေးနေတာ၊ ရွှေရောင်းချခွင့်ပိတ်ပင်မှုကြောင့် ဈေး နှုန်းထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာ ကျဆင်းနေသလို ရွှေဆိုင်အများစု မီးလင်းအခေါက်ရွှေရောင်းချဝယ်ယူမှု ပိတ်ပင်ထားတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေတစ်အောင်စကို ၂၀၃၁ ဒေါ်လာဝန်းကျင်ရှိရာမှ လက်ရှိမှာတော့ ၂၁၂၆ ဒေါ်လာဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။
ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကလည်း ရွှေရည်ညွှန်းဈေးနှုန်းကို ကျပ် ၃၈ သိန်းအထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ