ဝါရှင်တန် ၊ မတ် ၇

အမေရိကန်အစိုးရအရာရှိတွေနဲ့ အရာရှိဟောင်းတွေကို သတ်ဖြတ်ဖို့ကြံစည်မှုတွေမှာ ပါဝင်နေ တယ်လို့ ယုံကြည်ရတဲ့ အီရန်ထောက်လှမ်းရေးတစ်ဦးကို FBI က လိုက်လံရှာဖွေနေပါတယ်။

အသက် ၄၂ နှစ်အရွယ် မာဂျစ်ဖာရာဟာနီဆိုသူက အီရန်ဗိုလ်ချုပ် ခါဆမ်ဆိုလိုင်မေနီ သတ်ဖြတ် ခံရမှုအတွက် လက်စားချေရေး ကြံစည်နေတာလို့ ဆိုထားတာပါ။

အီရန် QUDS တပ်ဖွဲ့ရဲ့ တပ်မှူးဆိုလိုင်မေနီကို ၂၀၂၀ ဇန်နဝါရီလက အီရတ်နိုင်ငံမှာ အမေရိကန် က ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် ဖာရာဟာနီက အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန ကိုယ်စား လှုပ်ရှားနေတာဖြစ်တယ်လို့ FBI က အသိပေးထားတာပါ။

အမေရိကန်မှာ လုပ်ကြံသတ်ဖြတ်ရေး လူသစ်စုဆောင်းမှုတွေနဲ့ ဆက်စပ်ပြီး ဖာရာဟာနီကို မေးမြန်းစစ်ဆေးဖို့ FBI က အလိုရှိနေတယ်လို့ သိရပါတယ်။

ဖာရာဟာနီဟာ အီရန်နဲ့ ဗင်နီဇွဲလားကိုသွားရောက်ပြီး အမေရိကန်မှာရှိတဲ့ ဘာသာရေး အဆောက် အဦးတွေ၊စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားနေရာတွေမှာ ထောက်လှမ်းစောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ မဟာမိတ်တွေကို စုဆောင်းခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၂၃ ဒီဇင်ဘာလက ဖာရာဟာနီနဲ့ တခြားထောက်လှမ်းရေးအရာရှိ တစ်ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးချိန်က အီရန်မှာဒုတိယဩဇာအာဏာအကြီးဆုံးပုဂ္ဂိုလ်လို့ မှတ်ယူခံထားရတဲ့ ဆိုလိုင်မေနီ သတ်ဖြတ်ခံရမှုအတွက် လက်စားချေသွားမှာဖြစ်တယ်လို့လည်း အီရန်အစိုးရက ကတိပေးထား ပါတယ်။

သူဟာအဲဒီအချိန်က သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားချက်နဲ့ ဘဂ္ဂဒက်လေဆိပ်မှာ တခြားအီရန်အရာရှိတွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

ဆိုလိုင်မန်နီဦးဆောင်တဲ့ တပ်ဖွဲ့ဟာ ဟားမာ့စ်၊ဟစ်ဇ်ဘိုလာနဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့နေတဲ့တပ်ဖွဲ့ဖြစ်ပြီး အမေရိကန်ကတော့ အဲဒီအဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.