ထားဝယ်၊ မတ် ၆

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ဝင်ရောက်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှာ ဇဟာကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကို ဗထူးတပ်မတော်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန် ၁၅ မိနစ်နီးပါး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာ တွေ လုပ်ဆောင်ခဲ့ပေမယ့် ဗထူးတပ်မတော်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

မတ် ၄ ရက်နေ့ကလည်း ဇဟာအမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ကျေး ရွာရှိ ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေနဲ့ အရပ် သား ပြည်သူ ၂ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ အတွက် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး သေနတ် ၂ လက်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရ မိခဲ့တယ်လို့ ဗထူးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.