ပိုသ့်အော်ပရင့်စ်၊ မတ် ၅

ဟေတီနိုင်ငံရဲ့မြို့တော် ပိုသ့်အော်ပရင့်စ်ရှိ အဓိကအကျဉ်းထောင်ကြီးကို လက်နက်ကိုင်ဂိုဏ်း တွေ ဝင်ရောက်စီးနင်းပြီးနောက် အကျဉ်းသားတွေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၄၀၀၀ ထဲက အများစုဟာ လွတ်မြောက်သွားပြီလို့ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗီနယ်မွိုက်စီကို သတ်ဖြတ်မှုနဲ့ဆက်စပ်တဲ့စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေလည်း ပါဝင်ပါတယ်။

အမေရိကမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဟေတီမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မကြာသေးခင်နှစ်တွေအတွင်း ပိုမိုဆိုးရွားလာခဲ့သလို ဝန်ကြီးချုပ် အေရီရယ် ဟင်နရီကို ဖြုတ်ချဖို့ ရည်မှန်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေက ပိုသ့်အော်ပရင့်စ်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာပါ။

ဟေတီကို ကင်ညာဦးဆောင်တဲ့ နိုင်ငံစုံလုံခြုံရေးတပ်ဖွဲ့စေလွှတ်ပေးရေး ဆွေးနွေးဖို့ ဝန်ကြီးချုပ် ဟာ နိုင်ရိုဘီကိုသွားရောက်နေချိန် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နောက်ဆုံးအကြိမ်းဖက်မှုတွေ စတင်ခဲ့တာပါ။

လက်နက်ကိုင် ဂိုဏ်းခေါင်းဆောင် ဂျင်မီချီရီဇီယာကတော့ ဝန်ကြီးချုပ်ကို ဖယ်ရှားရေး ပူးပေါင်း တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

ဒေသဆိုင်ရာ မြို့တွေနဲ့ မြို့တော်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အားလုံးစည်းလုံးမှု ရှိပါတယ်လို့ ပိုသ့်အော်ပရင့်စ်မြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနောက်ကွယ်မှာပါဝင် နေတယ်လို့ ယူဆရတဲ့ ရဲအရာရှိဟောင်း ဂျင်မီချီရီဇီယာက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်လေဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရ ပြီး မြို့တော်မှာရှိတဲ့ ပြင်သစ်သံရုံးကလည်း မြို့တော်ထဲကိုမလာကြဖို့အတွက် ခရီးသွားသတိ ပေးချက်ထုတ်ပြန်ထားပါတယ်။

ဟေတီရဲတပ်ဖွဲ့ကတော့ အကျဉ်းထောင်မှာ အင်အားဖြည့်ပေးဖို့ စစ်တပ်ကိုတောင်းဆိုခဲ့ပေမယ့် မတ်လ ၂ ရက်နေ့က စီးနင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မတ်လ ၃ ရက်နေ့အထိလည်း အကျဉ်း ထောင်တံခါးတွေပွင့်နေဆဲဖြစ်သလို အစောင့်တစ်ယောက်မှ ရှိမနေဘူးလို့လည်းသိရပါတယ်။

သမ္မတကိုလုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး အကျဉ်းကျခံနေရတဲ့ ကိုလံဘီယာစစ်သားဟောင်း တစ်ဦးအပါအဝင် အကျဉ်းသား ၉၉ ဦးကတော့အပြန်အလှန်ပစ်ခတ်မှုအတွင်း ကြားညှပ်မှာ စိုး ရိမ်တာကြောင့် ထောင်ထဲမှာပဲ ဆက်နေနေတယ်လို့ အကျဉ်းထောင်လုပ်သားတစ်ဦးကပြောပါ တယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.