March 4, 2024

ဟေတီမှာ လက်နက်ကိုင်ဂိုဏ်းက ထောင်ဖောက်ပြီး အကျဉ်းသား ၄၀၀၀  နီးပါး လွှတ်ပေး

ပိုသ့်အော်ပရင့်စ်၊ မတ် ၅ ဟေတီနိုင်ငံရဲ့မြို့တော် ပိုသ့်အော်ပရင့်စ်ရှိ အဓိကအကျဉ်းထောင်ကြီးကို လက်နက်ကိုင်ဂိုဏ်း တွေ ဝင်ရောက်စီးနင်းပြီးနောက် အကျဉ်းသားတွေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့အကျဉ်းသား ၄၀၀၀ ထဲက အများစုဟာ လွတ်မြောက်သွားပြီလို့ ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗီနယ်မွိုက်စီကို သတ်ဖြတ်မှုနဲ့ဆက်စပ်တဲ့စွဲချက်တွေနဲ့ အကျဉ်းကျခံနေရသူတွေလည်း ပါဝင်ပါတယ်။ အမေရိကမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့…

ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး ရုရှားစစ်တပ်ထဲ အသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေရှိနေ

နယူးဒေလီ ၊ မတ် ၅ အလုပ်ရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ရုရှားစစ်တပ်ထဲအသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၀ ထက်မနည်းဟာ ယူကရိန်းစစ်ပွဲရှေ့တန်းနေရာတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ သူတို့ကို ဒူဘိုင်းမှာ အလုပ်ကောင်းကောင်းရမယ်လို့ လိမ်လည်ပြီး ယူအေအီးကို လာရောက်ဖို့ ဆွဲဆောင်ပြီးနောက် ရုရှားကိုပို့ဆောင်ခံရတာဖြစ်တယ်လို့ ရုရှားအတွက်တိုက်ပွဲဝင်နေရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။ ယူအေအီးမှာ အခြေချနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားအေးဂျင့်ဖြစ်သူဟာ အဲဒီလိုအလုပ်ကောင်း ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကို…

ကံထူးမရွာရဲစခန်းကို PDF အပြီးသတ်သိမ်းပိုက်

တန့်ဆည်၊ မတ် ၄ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရဲစခန်းကို ဒီနေ့ မတ် ၄ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နဲ့ပျူစောထီးအဖွဲ့ဝင်တွေ အခြေပြုရာ ကံထူးမရွာရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်…

မြိုင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးနှစ်ရုံးကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

မြိုင် ၊ မတ် ၄ မကွေးတိုင်း၊မြိုင်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာ ရုံးနှစ်ရုံးကို တော်လှန်ရေး တပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ABSDF Column 3 က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ မြိုင်မြို့နယ် စီမံကိန်းရုံးနဲ့ တရားရုံးတို့ကို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း မြိုင်ရဲစခန်းက…

ထားဝယ်မှာ လက်နက်ကြီးကျလို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ 

ထားဝယ်၊ မတ် ၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်တွေ ပျက်ဆီးခဲ့သလို အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ မတ် ၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဇဟာကျေရွာရှိ…

ကရင်နီတော်လှန်ရေး ရဲဘော်တွေအတွက် ဆေးဝါးလိုအပ်နေ

လွိုင်ကော် – မတ် ၄ ကရင်နီပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်းနွှဲနေတဲ့ ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တွေ အတွက် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ရှေ့တန်းဆေးအဖွဲ့ထံက သိရပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲနယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ရှေ့တန်းရဲဘော်တွေအတွက် ဆေးဝါး လိုအပ်ချက်တွေလည်း အရေးတကြီးလိုအပ်နေတာပါ။ ကရင်နီပြည်နယ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာရဲဇော်ကတော့ ရှေ့တန်းဆေးလိုအပ်ချက် ကို ဖြည့်တင်းနိုင်မယ်ဆိုပါက အထိအခိုက်နဲ့ ဆုံးရှုံးမှုတွေ နည်းလာမှာဖြစ်တယ်လို့ သံလွင်တိုင်းမ် ကို မှတ်ချက်ပေးပါတယ်။ ”…

စစ်သုံ့ပန်းနဲ့မိသားစုဝင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားမှု AA ထုတ်ပြန်

စစ်တွေ၊ မတ် ၄ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးထားမှုအား ရက္ခိုင့်တပ်တော် AA က ဒီနေ့ မတ် ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့သူတွေဟာ ဇက်သင်္ဘောတွေ နစ်မြှုပ်စဉ် ကယ်တင်ခဲ့တဲ့သူတွေ၊ လက်နက်ချအညံ့တဲ့သူတွေ၊ တိုက်ပွဲတွေအတွင်း လက်ရဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။…