ရေဖြူ၊ မတ် ၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာထက်မနည်း ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးကို ဗထူးတပ်မတော်ကနေ ဝင်ရောက်ဖမ်းဆီးသွားတဲ့အတွက် စစ်ကောင်စီက ပြန်လည်ကယ်ထုတ်ဖို့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကစလို့ ရေဖြူမြို့နယ် ပိန်းရှောင်နဲ့ ဒေါင်းရှောင်ကျေးရွာတွေဘက်မှာ ဗထူးတပ်မတော်ကို တောနင်းရှာဖွေတာတွေ လုပ် ဆောင်နေတာပါ။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေါင်းရှောင်၊ ပိန်းရှောင်၊ ဆင်နင်းကုန်း၊ ဆင်ပုနစ်အပါအဝင်ကျေးရွာ ၆ ရွာထက်နည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့အတွက် လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ဒုပါမောက္ခချုပ် ဦးကျော်အောင်အပါအဝင် ၃ ဦးကို ပြန်မရမချင်း ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

ဗထူးတပ်မတော်ကတော့ ဖမ်းဆီးထားတဲ့ ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ပေးထားတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.