February 2024

ဒီးမော့ဆိုမှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ ကလေး ၄ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရ

ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၅ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင် ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦး သေဆုံး ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းကို…

သိမ်းပိုက်ထားတဲ့ မန်တုံတပ်ကို TNLA ခေါင်းဆောင်တွေနဲ့ NUG ဒုဝန်ကြီးတို့ လာရောက်ကြည့်ရှု

မန်တုံ၊ ဖေဖော်ဝါရီ ၅ ရက် တအာင်းတပ်မတော်က သိမ်းပိုက်ရရှိထားတဲ့ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းကို TNLA ခေါင်းဆောင်တွေနဲ့ NUG ဒုဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ အဲ့ဒီတပ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊…

ရေဖြူမှာ စစ်ကောင်စီခြေမြန်တပ်ရင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရေဖြူ၊ ဖေဖေါ်ဝါရီ ၅ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ ဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ခန့်မှာ ရေး-ထား ဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ကျေးရွာကြားမှာရှိတဲ့…

တောင်ပြိုနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး

မောင်တော၊ ဖေဖော်ဝါရီ ၅ မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့အခြေစိုက် စစ်ကောင်စီရဲ့ တောင်ပြို(လက်ယာ)နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့အခြေစိုက် တောင်ပြို (လက်ဝဲ-လက်ယာ) နယ်ခြားစောင့်တပ်စခန်းနှစ်ခုကို AA က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ တောင်ပြို…

သံတောင်ကြီးအခြေစိုက် မိုင်းလွန်ပင်မစခန်းကို PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်

သံတောင်ကြီး၊ ဖေဖော်ဝါရီ ၅ ကရင်ပြည်နယ် သံတောင်ကြီးခရိုင် သံတောင်ကြီးမြို့နယ် လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါပတယ်။ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်းပြီး…

တနင်္သာရီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအထိနာနေ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးများပြီးနောက် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ တော်လှန် ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေဟာ ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂…

ကရင်ပြည်နယ် ကျိုက်ဒုံမြို့တိုက်ပွဲကြောင့် ဒေသခံ၂၀၀၀၀ ကျော် စစ်ရှောင်နေရ

ကျိုက်ဒုံ၊ ဖေဖော်ဝါရီ ၄ ကရင်ပြည်နယ် ကျိုက်ဒုံမြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်ကနေ…

ကျန်ရှိတဲ့စစ်ကောင်စီတပ်ရင်းတွေကို သိမ်းပိုက်ဖို့ AA ဆက်လက်ထိုးစစ်ဆင်

မြောက်ဦး ၊ ဖေဖော်ဝါရီ ၄ ရခိုင်ပြည်နယ်က မြို့နယ်တချို့ရှိ စစ်ကောင်စီရဲ့ ဒေသအခြေစိုက်တပ်ရင်းတွေထဲက တစ်ဝက်တပျက် သိမ်းပိုက်ဖို့သာ ကျန်ရှိနေသေးတဲ့ ခမရတပ်ရင်းတချို့ကို အပြီးသတ်ရယူနိုင်ဖို့ ဆက်လက်ထိုး စစ်ဆင်နေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ ညသန်းခေါင်မှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲသတင်းမှာ…

မြန်မာ့ဒီမိုကရေစီတိုက်ပွဲ ကူညီဖို့ အမေရိကန်လွှတ်တော်နှစ်ရပ် Burma Caucus အဖွဲ့ ဖွဲ့စည်း

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၄ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ပြဿနာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ရေး အမေရိကန်အစိုးရကို ဖိအားပေးဖို့ ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်နှစ်ရပ် ပူးပေါင်းပြီး Burma Caucus အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အမေရိကန်လွှတ်တော်က ကူညီနိုင်ရေး Burma Caucus အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မီချီဂန်ပြည်နယ်…

ထောင်ကထွက်ပြေးလာတဲ့ အီတလီမာဖီးယားခေါင်းဆောင် ချစ်သူနဲ့ညစာစားစဉ် ဖမ်းဆီးခံရ

ပါရီ ၊ ဖေဖော်ဝါရီ ၄ လုံခြုံရေးအမြင့်မားဆုံးချထားတဲ့ အကျဉ်းထောင်ကနေ အိပ်ယာခင်းတွေ ပူးချည်ပြီး နံရံကို ကျော်တက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အီတလီမာဖီးယားခေါင်းဆောင်တစ်ဦးကို ပြင်သစ်နိုင်ငံမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသက ဂါဂနို မာဖီးယားဂိုဏ်းရဲ့ အသက် ၄၀ အရွယ် ခေါင်းဆောင် မာကိုရာဒူအာနိုဟာ သူ့ရဲ့ချစ်သူလို့ ယူဆရတဲ့ အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ ဖေဖော်ဝါရီ ၁…