စစ်ကောင်စီ ကန့်သတ်ချက်တွေနဲ့ကုန်ဈေးကြောင့် ကရင်စစ်ရှောင်တွေ အခက်ကြုံ
ဘားအံ၊ ဖေဖော်ဝါရီ ၇ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်လာမှုနဲ့အတူ ကုန်ဈေး နှုန်းကြီးမြင့်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေအပေါ် အားထားမှီခိုပြုနေရတဲ့ စစ်ရှောင်ဒုက္ခတွေ အခက်အခဲတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ စစ်ရေးတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ အရပ်သားလူထုအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၇၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ…