February 2024

ဗုံးကြဲခံရပြီးနောက် ဒီးမော့ဆိုမှာ စာသင်ကျောင်းအားလုံး ပိတ်ထားရ

ဒီးမော့ဆို၊ ဖေဖော်ဝါရီ ၈ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စာသင်းကျောင်း လေယာဉ်နဲ့ဗုံးကြဲခံရပြီးနောက် စစ်ရှောင်ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းအားလုံး လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားရတယ်လို့ မြေပြင်အဖွဲ့အစည်းတွေထံက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြီးတဲ့နောက် ကျောင်း ၁၀၀ ကျော်ကို အရေးပေါ် ပိတ်လိုက်ရတာပါ။…

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ဒေသကို မွန်ပြည်နယ်က စစ်ကူအများအပြားပို့ဆောင်နေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၈ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်ဒေသဘက်ကို မွန် ပြည်နယ်ကနေတဆင့် စစ်ကောင်စီတပ်က ယာဉ်တန်းအများအပြားနဲ့ တပ်အင်အားတွေ လာရောက်ပို့ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။ မွန်ပြည်နယ်ဘက်ကနေတဆင့် ရောက်လာတဲ့ကား ၉ စီးထက်မနည်းပါတဲ့ စစ်ကောင်စီတပ် ကားတန်းဟာ စစ်ရေးပြင်းထန်နေတဲ့ ကော့ကရိတ်သင်္ဃန်းညီနောင်ဒေသဘက်ကို ဦးတည်ထွက်ခွာနေပြီး တပ်အင်အား လာရောက်ဖြည့်ဆည်းတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့…

ရခိုင်ကမြို့နှစ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ တပ်ရင်း ၂ ခုသာ AA တိုက်ခိုက်ဖို့ကျန်ရှိ

မင်းပြား ၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်က ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီရဲ့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်ရှိ တပ်ရင်း နှစ်ခုသာ ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ရခိုင်က စကခ (၉) လက်အောက်ရှိ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေမှာ…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်မိသားစုစော်ကားမှုနဲ့ အရေးယူခံရနိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အစိုးရရှေ့နေချုပ်က တော်ဝင်မိသားစုကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်အရေးယူဖို့ စဉ်းစားနေတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီး သက်ဆင်ကို တိုင်ကြားထားတာဖြစ်ပြီး သူ့ရဲ့ ညီမဦးဆောင်တဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် စစ်အစိုးရက…

ချီလီသမ္မတဟောင်း ဆီဗက်စတီယန် ပင်နဲရာ ရဟတ်ယာဉ်ပျက်ကျပြီးသေဆုံး

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၈ ချီလီ သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဆီဗက်စတီယန် ပင်နဲရာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အသက် ၇၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့မှာရှိတဲ့ ရေကန်တစ်ခုထဲ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ သူနဲ့အတူလိုက်ပါသွားခဲ့တဲ့ တခြားလူ ၃ ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ပင်နဲရာဟာ သူ့ကိုယ်ပိုင်ရဟတ်ယာဉ်ကို…

သထုံမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီး

သထုံ၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် သထုံမြို့နယ် ညာဓဝယ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် အမှတ်(၄၀၂) အမြောက်တပ်ကနေ…

ဇရပ်ကြီးမြို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေ

ဇရပ်ကြီး၊ ဖေဖော်ဝါရီ ၇ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ဇရပ်ကြီးမြို့အခြေစိုက် အမှတ် (၇၃) ခြေလျင်တပ်ရင်းအပါအဝင် တပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်နှစ်ဦးရဲ့ပုံကို အသုံးချပုံမှားရိုက်ပြီး အလှူမခံဖို့ YDF အသိပေး

ဂန့်ဂေါ – ဖေဖော်ဝါရီ ၇ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာမှာ ပျူစောထီးတွေက PDF နှစ်ဦးကို သံကြိုးတုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်နှစ်ဦးရဲ့ပုံကို အသုံးချ ပုံမှား ရိုက်ပြီး အလှူမခံကြဖို့ ယောဒေသကာကွယ်ရေးတပ် YDF က သတင်းထုတ်ပြန်ထားပါတယ်။ ယောဒေသကာကွယ်ရေးတပ်မှ ရဲဘော်ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့…

ထားဝယ်မြို့နယ်က မယ်ဝေးတောင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရ

ထားဝယ်၊ ဖေဖော်ဝါရီ ၇ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ မယ်ဝေးတောင်တပ်စခန်းကုန်းကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗထူးတပ် မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီစခန်းကုန်းဟာ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ခမရ- ၄၀၁ နဲ့ ခမရ-၄၀၂ ကပ်လျှက်ရှိ မယ်ဝေးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စခန်းကုန်းကို ဗထူးတပ်မတော်နဲ့ ထားဝယ်စုပေါင်းစစ် ကြောင်းတို့က…

စစ်အာဏာသိမ်း (၁၁၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇ AAPP ရဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၁) ရက်အတွင်း ပြည်သူ (၄၄၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၄၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…