February 2024

မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်

မောင်တော၊ ဖေဖော်ဝါရီ ၁၇ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်း ထုတ်ပြန်ပါတယ်။ ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး…

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ တော်လှန်ရေးမှာ ပါဝင်လာမှုကို NUG ဂုဏ်ပြုကြိုဆို

မော်လမြိုင် – ဖေဖေော်ဝါရီ ၁၇ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ တော်လှန်ရေးမှာ ပါဝင်လာတာနဲ့ပတ်သက် ပြီး ဂုဏ်ပြုကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်လိုက်ပါ တယ်။ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)က ဖေဖော်ဝါ ရီလ ၁၄ ရက်နေက စစ်အာဏာရှင်ကို တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်သွား မယ်လို့ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး NUG အစိုးရက ဖေဖော်ဝါရီလ ၁၄…

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လူငယ်တွေအလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှုတွေရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လူငယ်တွေအလုံးအရင်းနဲ့ နီးစပ်ရာ ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေရမယ်လို့ ကြေ ညာလိုက်တာကြောင့်…

စစ်အာဏာသိမ်း (၁၁၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ AAPP ရဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၁၁) ရက်အတွင်း ပြည်သူ (၄၅၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်သစ် AD အဖွဲ့နဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ စစ်ရေးပူးပေါင်းမယ်

ရေးချောင်းများ ၊ ဖေဖော်ဝါရီ ၁၇ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD နဲ့အတူ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း စစ်ရေးအရ မဟာမိတ်အဖြစ်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားကြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ AD က စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာပါ။ မွန်ပြည်သစ်ပါတီ…

မော့ကနင်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ

ရေး၊ ဖေဖော်ဝါရီ ၁၇ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၂ နာရီအချိန်ခန့်မှာ မော့ကနင်ကျေးရွာထဲကို တော်လှန်ရေးအင် အားစုပူး ပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်လာမှုအပေါ် မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့…

တနင်္သာရီအခြေစိုက် ခလရ(၅၅၆)တပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၇ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅၅၆) ခြေလျင်တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ဇဝဲကျေးရွာအခြေစိုက် ခလရ-၅၅၆ တပ်ရင်းကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးထက်မနည်း…

ဂျပန်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လမ်းဖွင့်ထားတယ်လို့ မြောက်ကိုရီးယား ပြော

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၁၇ ဂျပန်နဲ့ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့ အတားအဆီးမရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူကပြောခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ပြုံယမ်းကို လာရောက်တဲ့နေ့ရက် ရှိလာနိုင်တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ တရားဝင်သံတမန် ဆက်ဆံရေးမရှိပေမယ့် ကီရှီဒါက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေကြား ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်အရပ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို ဖြေရှင်းရေး…

အာဖရိကနဲ့အာရှက ကြေးစားစစ်သားထောင်နဲ့ချီ ရုရှား ခေါ်ယူထား

မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရုရှားနိုင်ငံဟာ သူတို့စစ်တပ်နဲ့အတူတိုက်ပွဲဝင်ဖို့ အာဖရိကနဲ့ အာရှနိုင်ငံတွေက ကြေးစားစစ်သား ထောင်နဲ့ချီ ခေါ်ယူထားတယ်လို့ ယူကရိန်းအမျိုးသားခုခံရေးစင်တာ NRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားဟာ သူတို့ခေါ်ယူထားတဲ့စစ်သားတွေကို ရုရှားမြေပေါ်မှာ လေ့ကျင့်သင်ကြားပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရက သူတို့ကိုလစာအနေနဲ့ ဒေါ်လာ ၂၀၀၀ ကနေ ၄၀၀၀ ကြားကမ်းလှမ်းထားပေမယ့် အမှန်တကယ်ရရှိတဲ့…

စစ်မှုထမ်းဥပဒေကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘာတွေ ဖြစ်လာနိုင်လဲ

မဲဆောက်၊ ဖေဖော်ဝါရီ ၁၆ မြန်မာစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိတဲ့ မြဝတီမြို့ကို အများကြီး သက်ရောက်နိုင်မှာမဟုတ်ပေမယ့် အတင်းအကျပ်အကောင်အထည်ဖော်ခဲ့ရင် လူငယ်တွေဟာ BGF DKBA နဲ့ PC လို အဖွဲ့အစည်းတွေထဲ အလုံးအရင်း ဝင်ရောက်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ တော်လှန်ရေးအတွက်မဟုတ်တဲ့ စီးပွားရေးလို အခြားအကြောင်းပြချက်တွေအပေါ်အခြေခံကာ အာဏာကို အလွဲသုံးစားလုပ်ရင်လည်း မြို့ခံလူထုအနေကတော့ မိအေး ၂ ခါ…