February 2024

စစ်အာဏာသိမ်း (၁၁၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၆၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀ AAPP ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၁၄) ရက်အတွင်း ပြည်သူ (၄၅၆၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၄၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တိုင်းပြည်ကို အဝီစိဆွဲချမယ့် စစ်မှုထမ်းဥပဒေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှု လမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar က သုံးသပ်ချက်အစီရင်ခံထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာနိုင်တာ၊ အောက်ခြေအဆင့်ဆင့်မှာ လာဘ်စားဖို့ လမ်းဖွင့်လိုက်သလို ဖြစ်ခဲ့ရာကနေ အဂတိ လိုက်စားမှုတွေ…

တိမ်း‌ရှောင်လာတဲ့ လူငယ်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ လုံခြုံရေးတာဝန်ယူပေးမယ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ မွန်ပြည်နယ်က လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်တွေမှာ ဝင်ရောက်တာဝန်ယူနိုင်သလို တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေကို ထမ်းဆောင်နိုင်ပြီး လုံခြုံရေးအနေနဲ့ တတ်စွမ်းသလောက် တာဝန်ယူပေးသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးကြေညာပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်စေရမယ်လို့ ကြေညာခဲ့တဲ့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက ဖေဖော်ဝါရီ ၁၈…

ပြည်တွင်းရွှေဈေး ၃၉ သိန်းကျော်ပြီ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြည်တွင်းမီးလင်း အ ခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၉ သိန်းအထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၁၃ ဒေါ်လာသာရှိရာမှ ဒီနေ့မှာတော့ ၂၀၂၁…

ထားဝယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

ထားဝယ်၊ ဖေဖော်ဝါရီ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ ထားဝယ်မြို့မှ ထားဝယ်-ထီးခီးလမ်းအတိုင်း အင် အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ ခြေလျက်စစ်ကြောင်းနဲ့ ကား…

စစ်မက်ဇုန်တွေဆီ လက်နက်မရောင်းဘူးလို့ တရုတ် ကတိပေး

မြူးနစ်၊ ဖေဖော်ဝါရီ ၂၀ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲအတွင်း ဘယ်ဘက်ကိုမှ လက်နက်ရောင်းမှာမဟုတ်ဘူးလို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးကို ကတိပေးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုထရို ကူလီဘာ နဲ့တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တရုတ်အနေနဲ့ ယူကရိန်းနဲ့ ဆက်ဆံရေးပုံမှန်ထားရှိရေး သေချာအောင်လုပ်ဆောင်ဖို့ ကတိပေးခဲ့တာပါ။ နိုင်ငံတကာအခြေအနေဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်အနေနဲ့ တရုတ်-ယူကရိန်း ဆက်ဆံရေး…

ဓားစာခံတွေ ပြန်မလွှတ်ရင် ရာဖာမြို့ကို ထိုးစစ်ဆင်မယ်လို့ အစ္စရေး ရာဇသံပေး

ဂါဇာ၊ ဖေဖော်ဝါရီ ၂၀ ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မလွှတ်ပေးပါက ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်နွှဲသွားမယ်လို့ အစ္စရေးစစ်ပွဲဆိုင်ရာဝန်ကြီးများအဖွဲ့ အဖွဲ့ဝင် ဘန်နီ ဂန့်ဇ်က သတိပေးလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာရှိတဲ့ လူနေထူထပ်တဲ့ အဲဒီမြို့ကို တပ်ဖွဲ့ဝင်တွေ ဘယ်အချိန် ဝင်ရောက်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးက ပထမဆုံးအကြိမ်အနေနဲ့ အခုလိုပြောခဲ့တာပါ။ ပါလက်စတိုင်းသား ၁…

ကျိုက်ထိုမှာ အမျိုးသားတစ်ဦး မြေမြှုပ်နင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ တံမြက်စည်းလုပ်တဲ့ နတ်မြှားတံ တောထဲလိုက်ချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့…

ကရင်နီထိန်းချုပ်နယ်မြေတွေမှာ အငှားယာဉ်လိုင်း စတင်ပြေးဆွဲ

လွိုင်ကော် ၊ ဖေဖော်ဝါရီ ၁၉ ကရင်နီပြည်နယ် မယ်စဲ့၊မော်ချီးနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အငှားယာဉ်လိုင်း စတင်ပြေးဆွဲနေပြီလို့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တည်းက IEC ရဲ့ ကူးသန်းရောင်းဝယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင် ဆက်သွယ်ရေးဌာန၊သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ အစီအစဉ်နဲ့ စတင်ပြေးဆွဲနေတာ ဖြစ်ပြီး အဲဒီ အငှားယာဉ်လိုင်းဟာ…

ရေးက စစ်ကောင်စီစစ်ဆေးရေးဂိတ် နှစ်ခုကို ပူးပေါင်းအဖွဲ့ ဝင်တိုက်

ရေး၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခံသင်းတံတားဂိတ်နဲ့ရေးတံတားကြီး စစ်ဆေရေးဂိတ် နှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၁၀ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၀ နာရီအချိန်အထိ…