မြိတ်၊ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်း မြိတ်မြို့ကမ်းနားလမ်း Seaview ကွန်ဒိုအနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအတွင်း ဒေ သခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် မိတ်ကပ်ဖန်တီးရှင် ကိုဇော်လင်းဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မြိတ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒီဗုံးပေါက်ကွဲဟာ စစ်ကောင်စီဘက်က လုပ်တာလား တော်လှန်ရေးအင်အားစုဘက်က လုပ်တာလားဆိုတာ စုံစမ်းတာတွေ လုပ်ဆောင်နေပြီး အ ရပ်သားပြည်သူထိခိုက်စေခဲ့တဲ့ လုပ်ရပ်အတွက် ကန့်ကွက်ရှုတ်ချတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဗုံးပေါက်ကွဲပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက ကူညီကယ်ဆယ်ပေးပြီးချိန်လောက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်လာစစ် ဆေးပြီးနောက် ပြန်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မြိတ်မြို့ပေါ်မှာ အရပ်သားပြည်သူထိခိုက်သေဆုံးစေခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြော ဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.