ကလေး – ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ကလေးခရိုင် အမှတ် ၆ တပ်ရင်းကို လက်နက်နဲ့ အတူအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ People’s Defence Force-Kalay – Battalion 6 ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လက်နက်အပ်နှံ ခြင်းအခမ်းအနားနဲ့ ဂုဏ်ပြုဆုငွေပေးအပ် ခြင်းအခမ်းအနားတို့ကို ပြုလုပ်ခဲ့ကြတာပါ။ 

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ ၂၂၂ တပ်ရင်းက ဖြစ်ပြီး သူနဲ့အတူ MA-1 ၁လက်၊ကျည်အိမ် ၄ ခု၊ကျည်ဆံ ၂၄၅ တောင့်၊လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာတယ်လို့ သိရပါတယ်။ 

သူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၆ တပ်ရင်းကို ပထမဆုံး အလင်းဝင်ရောက်လာသူ ဖြစ်တယ်လို့ People’s Defence Force-Kalay – Battalion 6 က အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃ သောင်းနီးပါးအထိရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Kalay PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.