February 21, 2024

ဂါဇာမှာ အပစ်ရပ်တောင်းဆိုမှု ဗီတိုအာဏာနဲ့ အမေရိကန် ပယ်ချ

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၂ အစ္စရေးထိုးစစ်ဆင်နေတဲ့ ဂါဇာမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် မှားယွင်းတဲ့ သတင်းစကားဖြစ်ပေါ်စေသလို ဆက်ပြီးတော့ လူသတ်ဖို့ ထိထိ ရောက်ရောက်မီးစိမ်းပြလိုက်တာဖြစ်တယ်လို့ တရုတ်က ဆိုခဲ့တာပါ။ အယ်လ်ဂျီးရီးယားက အဆိုပြုတဲ့ အဲဒီဆုံးဖြတ်ချက်ဟာ စစ်ပွဲအဆုံးသတ်ရေး…

ဂြိုလ်တုတစ်လုံး ကမ္ဘာပေါ်ပြုတ်ကျဖို့ရှိနေ

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၂ ရှေ့ဆောင်ဦးလွှတ်တင်ခဲ့တဲ့ ဥရောပ ဂြိုလ်တုတစ်လုံးဟာ နာရီပိုင်းအတွင်း ကမ္ဘာပေါ်ကို ပြုတ်ကျလာတော့မယ်လို့ ဥရောပအာကာသ အေဂျင်စီ Esa တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဂြိုလ်တုဟာ ၁၉၉၅ ခုနှစ်လွှတ်တင်ချိန်က အဆင့်မြင့်လေ့လာရေး ဂြိုလ်တုအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာကိုစောင့်ကြည့်ဖို့ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေရဲ့ ရှေ့ပြေး ERS-2 ဖြစ်တယ်လို့ သိရပါတယ်။ ဒီဂြိုလ်တုဟာ ၂၀၁၁…

ပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတစ်ဦး မြိုင် ပကဖထံ လက်နက်နဲ့အလင်းဝင်လာ

မြိုင် – ဖေဖော်ဝါရီ ၂၁ မကွေးတိုင်း၊မြိုင်မြို့နယ်က ပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာ တဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကန်နီပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ရဲအောင်ဆိုသူဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာပါ။ “ရဲအောင်ရဲ့…

ကလေးအမှတ် ၆ တပ်ရင်းကို လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်

ကလေး – ဖေဖော်ဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ကလေးခရိုင် အမှတ် ၆ တပ်ရင်းကို လက်နက်နဲ့ အတူအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ People’s Defence Force-Kalay – Battalion 6 ထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လက်နက်အပ်နှံ ခြင်းအခမ်းအနားနဲ့ ဂုဏ်ပြုဆုငွေပေးအပ် ခြင်းအခမ်းအနားတို့ကို…

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲ

ထားဝယ်၊ ဖေဖော်ဝါရီ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ထားဝယ်-ထီးခီးလမ်းအတိုင်း တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား ဒီနေ့ မနက်ပိုင်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး…

စစ်အာဏာသိမ်း (၁၁၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁ AAPP ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၁၅) ရက်အတွင်း ပြည်သူ (၄၅၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၆၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ “အ”သုံးလုံး သင်ကြားဖို့ တက္ကသိုလ်ကျောင်းသားတွေကို အတင်းအကျပ် စာရင်းကောက်နေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၁ မွန်ပြည်နယ်မှာ ကျောင်းမနေခဲ့ရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ စာမတက်သူ ပပျောက်ရေး “အ” သုံးလုံး စီမံချက်နဲ့ စာပေသင်ကြားနိုင်ဖို့ဆိုပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို အတင်း အကျပ် စာရင်းကောက်ယူနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စာမတတ်သူ ပပျောက်ရေး “အ”သုံးလုံး စီမံချက်တွေကို လာမယ့်တက္ကသိုလ်ကျောင်းပိတ်ရက်အ တွင်း လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးက ညွှန်ကြားလာတာကြောင့်…

စစ်မှုထမ်းဥပဒေကို ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်တိုက်ဖျက်ကြဖို့ KNU တိုက်တွန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁ အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ အသက်သက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မျိုး ဆက်သစ်လူငယ်တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းမှုအပေါ် KNU က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သဘေထားထုတ်ပြန်ခဲ့ပြီး ဥပ ဒေအကောင်အထည်ဖော်မှုကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ…

မွန်ပြည်နယ်က ဈေးဆိုင်တွေ ညပိုင်းစောစောပိတ်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဈေးဆိုင်တွေအနေနဲ့ ညပိုင်းစော စောပိတ်ရင် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကနေ ခေါ်ယူခြိမ်းခြောက်လာပါတယ်။ ဈေးဆိုင်ပိုင်ရှင်တွေကို ဖေဖော်ဝါရီတတိယပတ်အတွင်း စစ်ကောင်စီရဲ့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်အဖွဲ့တွေက ခေါ်ယူတွေ့ဆုံပြီးနောက် ဆိုင်တွေကို ညပိုင်းအစောကြီး မပိတ်ကြဖို့နဲ့ ပိတ်တဲ့သူတွေကို PDF အားပေးသူတွေအဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်လာတာပါ။ ညပိုင်းအချိန်တွေမှာ စည်းကားဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက…

ပြည်တွင်းပြည်ပရှိ မွန်လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ မွန်ပြည်သစ် AD နှိုးဆော်

ရေးချောင်းဖျား၊ ဖေ‌ဖော်ဝါရီ ၂၁ ကိုယ်ကာယကျန်းမာတဲ့ ပြည်တွင်းပြည်ပရှိ မွန်လူငယ်တွေနဲ့ စစ်သင်တန်းတက်ရောက်ထားကြတဲ့ ရဲဘော်တွေပူးပေါင်းပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီ AD အဖွဲ့နဲ့အတူတကွ အ မျိုးသားရေးတာဝန် ထမ်းဆောင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ AD ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာပြီးနောက် အခုလိုနှိုးဆော်စာ ထုတ်ပြန်လာတာပါ။ ဒီကနေ့အချိန်ကာလမှာ…