ရေး ၊ ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာနဲ့နှင်းစုံကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံ ရ တာကြောင့် စစ်ကောင်စီပူးပေါင်းအဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရ ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့အင်အား ၁၅ ဦးနီးပါး တပ်စွဲထားတဲ့ ခံသင်းတံတားဂိတ်ကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ခံသင်းတံတားဂိတ် တိုက်ခိုက်မှုအတွင်း ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အပိုင်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် သေဆုံးနိုင်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ရေးဘီလူးအဖွဲ့ရဲ့ ခံသင်းတံတားဂိတ် တိုက်ခိုက်မှုအပေါ် စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက် နက်ကြီး အဆက်မပြတ် ပစ်ခတ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ရေးအခြေစိုက် စကခ(၁၉) စစ်ဌာနချုပ်၊ ခလရ(၁၆) တပ်နဲ့ ရေးတံတားကြီးစစ်ဆေးရေးဂိတ်တို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဒေါနစစ်ကြောင်းမှူးက သံ လွင်တိုင်းမ်ကို ပြောဆိုထားပေမယ့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး