မော်စကို ၊ ဖေဖော်ဝါရီ ၂၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သူ့ရဲ့ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုဖို့ ပူတင်က ရုရှားနိုင်ငံထုတ်ကား တစ်စီးလက်ဆောင်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရုရှားထုတ်ကားတစ်စီးအား ကင်ဂျုံအန်ရဲ့ လက်ထောက် အရာရှိတွေကို ပေးဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလက်ဆောင်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပုဂ္ဂိုလ်ရေးအရ အထူးဆက်ဆံရေးတစ်ရပ်ကို ဖော်ပြနေတာဖြစ်တယ်လို့ အဲဒီသတင်းမှာဖော်ပြထားပေမယ့် ဘယ်လိုကားအမျိုးအစားဖြစ်တယ် ဆိုတာနဲ့ ရုရှားကနေ ဘယ်လိုပို့ဆောင်ပေးခဲ့တာလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဟာ ကားတွေကိုစွဲလမ်းမြတ်နိုးသူတစ်ဦးဖြစ်တယ်လို့ ယုံကြည်ရပြီး နိုင်ငံခြားဖြစ်ဇိမ်ခံကားတွေအများကြီးကို မှောင်ခိုသွင်းယူထားတယ်လို့လည်း ဆိုနေကြတာပါ။

ကင်ဂျုံအန်ရဲ့ ကားတွေထဲမှာ ကုလသမဂ္ဂက မြောက်ကိုရီးယားကိုတင်ပို့ခွင့် ပိတ်ပင်ထားတဲ့ Mercedes၊ Rolls-Royce Phantom နဲ့ Lexus လို ဈေးကြီးတဲ့ကားတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တီထွင်မှုတွေ၊ ယူကရိန်းကို ရုရှား ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာက အဲဒီနှစ်နိုင်ငံလုံးကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားတာပါ။

အဲဒီလိုအရေးယူပိတ်ဆိုမှုတွေကြောင့် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကတိပြုထားကြပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်ကြီးတွေကိုလည်း မြောက်ကိုရီးယားက ရုရှားထံပေးပို့ကူညီ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.