ဘန်ကောက် – ဖေဖော်ဝါရီ ၂၀ 

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအတိုင်း အရေးယူ သွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က သတိပေးလိုက်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီက လာမယ့် ဧပြီလက စပြီးလူငယ်တွေကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်ပြီးနောက် ထိုင်းနိုင်ငံထဲလာရောက်ဖို့ ဗီဇာလျှောက်ထားသူ မြန်မာနိုင်ငံသား အရေ အတွက် သိသိသာသာ ပိုများနေချိန်မှာသူက အခုလိုသတိပေးခဲ့တာပါ။

နိုင်ငံထဲကို တရားဝင် ဝင်ရောက်လာမယ်ဆိုပါက ကြိုဆိုနေမှာဖြစ်ပေမယ့် နိုင်ငံထဲကို တရားမဝင် ခိုးဝင်လာမယ်ဆိုရင်တော့ ဥပဒေအတိုင်းအရေးယူမှာဖြစ်တယ်လို့ ဆိုထားပြီး ဒီကိစ္စကို လုံခြုံ ရေး အေဂျင်စီတွေနဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့ မစ္စတာ ဆရီထာက ပြောပါတယ်။

မြန်မာရွေ့ပြောင်းနေထိုင်သူတွေကြောင့် ဒေသခံတွေ အလုပ်အကိုင် ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို သူကပယ်ချထားပြီး မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ အကြောင်းအရင်းတစ်ခုဟာ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားရေးသာဖြစ်တယ်လို့ သူကပြောပါ သေးတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့ဖြစ်မှုနုန်းဟာ ၁ ရာခိုင်နှုန်းအောက်သာရှိနေပြီး ထိုင်း နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက အလုပ်သမားတွေကို လိုအပ်နေဆဲဖြစ်ပေမယ့် အလုပ် လာရောက်လုပ်ကိုင်သူတွေဟာ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတော့ အသေအချာလုပ်ဆောင် ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကလည်း တစ်ရက်ကို ဗီဇာလျှောက်ထားသူ ၄၀၀ ကိုသာ လက်ခံသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး အဲဒီအစီအစဉ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဗီဇာမလိုဘဲ ခရီးသွား အနေနဲ့ ဝင်ရောက်လာပြီး ၁၄ ရက်ကြာ နေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့လည်း သံရုံးကအသိပေး ထားပါတယ်။

ထိုင်းနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ရန်ကုန်အခြေစိုက်ထိုင်းသံရုံးမှာ ဗီဇာ လျှောက်ထားဖို့ တစ်ရက်ကို တစ်ထောင်ကျော်အထိရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.