ပွင့်ဖြူ – ဖေဖော်ဝါရီ ၂၀ 

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ငွေတောင်းကြမ်းနေတာ ကြောင့် ဒေသတွင်းက စျေးတွေကို စျေးလာရောင်းကျတဲ့ စျေးသည်တွေနည်းပါးသွား တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာစျေးကို စျေးရောင်းလာကြတဲ့ စျေးသည်တွေ နည်းပါးသွားရတာပါ။

မနက်စောစောစျေးလာရောင်းတဲ့ စျေးသည်တွေရဲ့ ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတာ၊ ကုန်ပစ္စည်းတွေကိုတောင်းရမ်းတာနဲ့ ပိုက်ဆံတောင်းတာတွေကြောင့် စျေးသည်တွေမလာ ရဲတော့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ဖြတ်သန်းသွားလာသူတွေကိုလည်း စစ်ဆေးတာတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတာ တွေကြောင့် စျေးရောင်းချနေသူတွေလည်း စျေးရောင်းမကောင်းဖြစ်နေရတယ်လို့ သူကပြော ပါသေးတယ်။

အခုလိုဖြစ်နေတာဟာ ၁ လနီးပါးကြာမြင့်နေပြီဖြစ်ပြီး ပွင့်ဖြူ-ရှောက်တော တံတားမှာ စစ်ကောင်စီနဲ့ ရဲတွေ ဂိတ်စတင်ဖွင့်လှစ်လိုက်တည်းက ဖြစ်နေကြတာလို့ သိရပါတယ်။ 

စစ်တပ်အားကောင်းတဲ့ ပွင့်ဖြူမြို့နယ်မှာ စစ်ဆေးရေးဂိတ် ၅ ခုထက်မနည်းရှိနေပြီး ပြည်သူ တွေကို အဓမ္မငွေတောင်းနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (ပွင့်ဖြူမြို့မစျေး ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.