ရေး၊ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခံသင်းတံတားဂိတ်နဲ့ရေးတံတားကြီး စစ်ဆေရေးဂိတ် နှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၁၀ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၀ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အလားတူ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စုံနံသာကျေးရွာနဲ့ နှင်းစုံကျေးရွာကြားရှိ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး ဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ တိုက်ပွဲငြိမ်သက်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေကလည်း ဒီနေ့ ညနေ ၅ နာရီအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲကြောင့် ရေး-ထားဝယ်လမ်းပိုင်း နာရီနဲ့ချီ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ သိရပါတယ်

မွန်ပြည်နယ် ရေးမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးဖော်တာနဲ့ အခြေခံစားသောက်စရာတွေ စုဆောင်းထားကြဖို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ- ပြီးခဲ့တဲ့နှစ်တုန်းက ခံသင်းတံတား စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.