ဂါဇာ၊ ဖေဖော်ဝါရီ ၂၀

ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး မလွှတ်ပေးပါက ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်နွှဲသွားမယ်လို့ အစ္စရေးစစ်ပွဲဆိုင်ရာဝန်ကြီးများအဖွဲ့ အဖွဲ့ဝင် ဘန်နီ ဂန့်ဇ်က သတိပေးလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာရှိတဲ့ လူနေထူထပ်တဲ့ အဲဒီမြို့ကို တပ်ဖွဲ့ဝင်တွေ ဘယ်အချိန် ဝင်ရောက်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးက ပထမဆုံးအကြိမ်အနေနဲ့ အခုလိုပြောခဲ့တာပါ။

ပါလက်စတိုင်းသား ၁ ဒသမ ၅ သန်းခိုလှုံနေတဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်မှုမလုပ်ဖို့ တစ်ကမ္ဘာလုံးက ပြောဆိုနေပေမယ့် အစ္စရေးက မြေပြင်ထိုးစစ်ဆင်နွှဲရေး စီစဉ်ထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂလူထုကျန်းမာရေး အေဂျင်စီက ဂါဇာမှာရှိတဲ့အဓိက ဆေးရုံတစ်ခုဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆက်လက်မလည်ပတ်နိုင်တော့ဘူးလို့လည်း အစောပိုင်းက ပြောထားပါ တယ်။

ရာဖာမြို့မြောက်ဘက် ခန်ယွန်းနစ်မြို့မှာရှိတဲ့ နက်ဆာဆေးရုံကို အခြေအနေလေ့လာနိုင်ဖို့ ဝင်ရောက်ခွင့်တောင်းဆိုထားပေမယ့် ဝင်ခွင့်မရဖြစ်နေတယ်လို့လည်း WHO က ပြောပါတယ်။

အဲဒီဆေးရုံမှာ ဟားမတ်စ်အဖွဲ့က သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ဖွက်ထားတယ်လို့ ထောက်လှမ်းရေးက ပြောတာကြောင့် အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝင်ရောက်ရှာဖွေထားကြတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လရောက်လို့ ဓားစာခံတွေ အိမ်ပြန်မရောက်လာဘူးဆိုပါက ရာဖာမြို့အပါအဝင်နေရာတိုင်းမှာ တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်က ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.