စစ်မက်ဇုန်တွေဆီ လက်နက်မရောင်းဘူးလို့ တရုတ် ကတိပေး
မြူးနစ်၊ ဖေဖော်ဝါရီ ၂၀ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲအတွင်း ဘယ်ဘက်ကိုမှ လက်နက်ရောင်းမှာမဟုတ်ဘူးလို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးကို ကတိပေးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုထရို ကူလီဘာ နဲ့တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တရုတ်အနေနဲ့ ယူကရိန်းနဲ့ ဆက်ဆံရေးပုံမှန်ထားရှိရေး သေချာအောင်လုပ်ဆောင်ဖို့ ကတိပေးခဲ့တာပါ။ နိုင်ငံတကာအခြေအနေဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်အနေနဲ့ တရုတ်-ယူကရိန်း ဆက်ဆံရေး…