မော်လမြိုင် – ဖေဖေော်ဝါရီ ၁၇

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ တော်လှန်ရေးမှာ ပါဝင်လာတာနဲ့ပတ်သက် ပြီး ဂုဏ်ပြုကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်လိုက်ပါ တယ်။

နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)က ဖေဖော်ဝါ ရီလ ၁၄ ရက်နေက စစ်အာဏာရှင်ကို တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်သွား မယ်လို့ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး NUG အစိုးရက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို မွန်တော်လှန်ရေး သမိုင်းမှာ မော်ကွန်းသစ်ရေးထိုးလိုက်တဲ့ နေ့အဖြစ်လည်း မှတ်တမ်းတင်တယ် လို့ ဆိုထားပါ တယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့၊တိုင်းရင်းသားလူမျိုးတွေ လိုလား တောင်းတတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ဖော်ပြထားပါ တယ်။

မြန်မာ့မြေပေါ်မှာ အာဏာရှင်စနစ်လုံးဝကင်းစင်ပပျောက်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနဲ့ အခိုင်အမာ လက်တွဲပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ NUG က ကတိပြုထားပါတယ်။

တော်လှန်ရေးမှာ ပါဝင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးမှာ ပါဝင်ကြဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်အာဏာ သိမ်းမှုအတွင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ရေး၊ နိုင်ငံရေးအရ လှိုက်လှဲစွာ ထောက်ခံကြိုဆိုပြီး ပူးပေါင်းသွားမယ်လို့လည်း အသိပေးထုတ်ပြန် ထားကြပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.