ရေး၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၂ နာရီအချိန်ခန့်မှာ မော့ကနင်ကျေးရွာထဲကို တော်လှန်ရေးအင် အားစုပူး ပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်လာမှုအပေါ် မော့ကနင်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၀၆) ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မှာ စကားထိုင်ပြောနေတဲ့ မော့ကနင်ကျေး ရွာသားတွေဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ နေအိမ်အတွင်း ပုန်းခိုနေထိုင်ခဲ့ရပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေကြပြီလို့ သိရပါတယ်။

မော့ကနင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ နိုင်ငံအလံကိုဖြုတ်ချပြီး ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မော့ကနင်အခြေစိုက် ခလရ(၁၀၆) တပ်ရင်း လက်နက် ကြီး RPG နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.