ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂

ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ကိုယ်စားလှယ်များကော်မတီ PRCF က ရေးဆွဲတဲ့ ဖက်ဒရယ်ပြည်‌ ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆုံးမူကြမ်းကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၇ နှစ်ပြည့်မှာ ထုတ်ပြန်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုကို စုပေါင်းတည်ထောင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ် ပင်လုံကတိက ဝတ်နဲ့ ပင်လုံမူတွေအပေါ် အခြေခံသလို ၁၉၆၁ ခုနှစ် ပြည် နယ်ပေါင်းစုံညီလာခံမှာ ချမှတ်အတည်ပြုခဲ့တဲ့ ပြည် ထောင်စုစစ်စစ်မူကို အခြေခံတယ်လို့ နိဒါန်းမှာ ဖော်ပြပါတယ်။

အခန်း ၁၆ ခန်းနဲ့ ပုဒ်မပေါင်း ၂၆၅ ခုပါဝင်တဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ လွတ်လပ်သော အချုပ်အခြာ အာဏာ ပိုင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေနဲ့ ဖွဲ့စည်းတာပါ။

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေမှာ ကချင်၊ကရင် နီ၊ကရင်၊ချင်း၊မွန်၊ရခိုင်နဲ့ရှမ်းအပြင် ဗမာပြည်နယ်ကိုလည်း ဖွဲ့စည်းပြီး ကျန်ရှိတဲ့ ကွက်လပ်ထားတဲ့ ပြည် နယ်တစ်ခုလည်း ပါဝင်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာ ဘာသာရေးကို အခြေမခံတဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးပြီး နိုင်ငံ သားအဖြစ် ခံယူထားတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့် အဝခံစားခွင့်ရှိရမယ်လို့ ဆိုပါတယ်။

လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအခြေခံမူမှာတော့ ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာတပ် ဖွဲ့ဝင်အားလုံးဟာ ဒီမိုကရေစီနည်းကျ ‌‌ရွေးကောက်တင် မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုနဲ့ စီမံအုပ် ချုပ်မှုအောက်မှာ ရှိရမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးစနစ်မှာ လူမျိုးပေါင်းစုံ ဘက်ပေါင်းစုံ လွှမ်းခြုံပူးပေါင်းပါဝင်တဲ့ စနစ်တစ်ရပ်တည်ဆောက်ရမှာဖြစ်ပြီး ဖက်ဒရယ်တပ်မတော်ရဲ့ အဓိ က တာဝန်ဟာ ပြည်ပရန်ကို ကာကွယ်ဖို့ ဖြစ်တဲ့အတွက် အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်း ဥပဒေအရ စစ်မှု ထမ်းရမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုဥပဒေပြုရေးမှာတော့ ဖက်ဒရယ်လွှတ် တော်ကို အထက်လွှတ်တော်နဲ့ အောက်လွှတ် တော်အဖြစ် ဖွဲ့စည်းပြီး အုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်ဦး ဆောင်တဲ့ စနစ်ကို ကျင့်သုံးကာ ပြည်ထောင်စု သမ္မတထားရှိတဲ့ စနစ်လည်း ဖြစ်ပါတယ်။

အဖွဲ့ဝင်ပြည်နယ်တွေအနေနဲ့လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိပြီး ပြည် ထောင်စုရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားစီဖွဲ့စည်းရမှာဖြစ်သလို ပြည်နယ်လုံခြုံ‌ရေးတပ် ဖွဲ့စည်းခွင့်ရှိတယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လုံခြုံရေးတပ်တို့ဟာ သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး ပြည်နယ်အကြီးအကဲတွေက ပြည် ထောင်စုအင်္ဂါစဉ်အရ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အထက်မှာ ရှိတယ်လို့ ဆိုပါတယ်။

ပညာ‌ရေးမှာလည်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိပြီး မိခင်ဘာသာစကားအခြေပြုသင်ကြားရေးနဲ့ ဘာသာစုံစကားပါဝင်တဲ့ အခြေခံပညာရေးကို မသင်မနေရ အခမဲ့သင်ကြားခွင့် ရရှိစေရမှာဖြစ်ပါတယ်။

ရုံးသုံးဘာသာာစကားအဖြစ် ဗမာနဲ့ အင်္ဂလိပ်စကားကို သတ်မှတ်ပြီး ပြည်နယ်အသီးသီးမှာတော့ အဲဒီဘာ သာစကားအပြင် နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကားတွေကို ရုံးသုံးဘာသာစကားတွေအဖြစ် သတ်မှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

PRCF ကော်မတီဟာ ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNL D) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကရင်အမျိုး သားပါတီ (KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)နဲ့မွန်ရေးရာအဖွဲ့ (MAA) တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – GSCN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.