ဒိုဟာ၊ ဖေဖော်ဝါရီ ၁၃

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးအရာရှိတွေက ပြောခဲ့ပါတယ်။

အရပ်သားတွေကို ကာကွယ်ရေးယုံကြည်စိတ်ချရတဲ့ အစီအစဉ်မရှိဘဲ ရာဖာကိုမတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးယိုင်ဒန်က ပြောခဲ့ပေမယ့် အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုတွေစတင်တဲ့ အချိန်ဟာလူအများအိပ်ပျော်နေချိန်ဖြစ်ပြီး ပြင်းထန်တဲ့ ဗုံးကြဲမှုတွေ ကြောင့် ရာဖာမြို့မှာ လူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အစ္စရေးရဲ့ လေယာဉ်တွေ၊သံချပ်ကာကားတွေနဲ့ သင်္ဘောတွေပါဝင်ပြီး ဗလီနှစ် လုံးနဲ့ လူနေအိမ်အများအပြားပျက်စီးသွားခဲ့သလို ရာဖာမြို့ကို မြေပြင်ထိုးစစ်တွေဆင်နွှဲလာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

အရင်က ဂါဇာမှာရှိတဲ့ မြို့တွေကို အစ္စရေးဘက်က တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုပါက အရပ်သားတွေကို ဘေးကင်းရာပြောင်းရွှေ့ဖို့ ကြိုတင်ညွှန်ကြားလေ့ရှိပေမယ့် ရာဖာမြို့ကိုတိုက်ခိုက် ချိန်မှာတော့ ပြောင်းရွှေ့ဖို့ ကြိုတင်သတိပေးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

ရာဖာမြို့မှာ တိုက်ပွဲတွေဖြစ်လာပါက ဆိုးရွားတဲ့ အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးထားပြီး ရာဖာဟာ ဂါဇာမှာနောက်ဆုံးလက်ကျန် ဘေးကင်းရာနေရာဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်းကို မိမိတို့ရဲ့ တိုက်ခိုက်မှုတွေဟာ အခုချိန်မှာပြီးဆုံးသွားပြီလို့ အစ္စရေးစစ်တပ်က ဖေဖာ်ဝါရီ ၁၂ ရက်နေ့မှာ ပြောထားသလို စစ်ဆင်ရေးအတွင်း ဓားစာခံ နှစ်ဦးပြန်လည်လွတ်မြောက်လာတယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက အသိပေးထားပါတယ်။

အစ္စရေးက ရာဖာကိုမြေပြင်ထိုးစစ်တွေဆင်နွှဲလာမယ်ဆိုပါက ဓားစာခံတွေလွတ်မြောက်ရေး ဆွေးနွေးမှုအတွက် အဟန့်အတားရှိလာနိုင်တယ်လို့ ဟားမတ်စ်အဖွဲ့က သတိပေးထားပါတယ်။

အီဂျစ်နိုင်ငံကတော့ သူတို့နယ်စပ်မှာရှိတဲ့ ရာဖာမြို့ကိုတိုက်ခိုက်မှုတွေမပြုလုပ်ရေးအတွက် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာပူးပေါင်းကြိုးပမ်းဖို့ တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.