မြောက်ဦး၊ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခြေ မြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၇)နဲ့ ခမရ (၃၇၈) တို့ကို အပြီးသတ်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

အဲဒီမြေမြန်တပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီပထမအပတ်အတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း မြောက်ဦးမြို့တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့တွေ ဆက်တိုက်သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.