မော်လမြိုင် – ဖေဖော်ဝါရီ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရဲ့ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် ၅ ဆင်းပွဲကို KNU တပ်မဟာ ၆ နယ်မြေအတွင်း အထူးစစ်ဆင်ရေးအဖွဲ့ S.O.F က ဦးဆောင်သင်ကြားပေးပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ 

သင်တန်းဆင်းပွဲမှာ အလံတော်ကို အလေးပြုခင်းနဲ့ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး-၂ ရဲဘော်စောရှားက အမှာစကားပြောခဲ့ပြီး အထူးတပ်ဖွဲ့မှူး အောင်စံရှားက သင်တန်းဆင်းမိန့်ခွန်းပြောကာ သစ္စာဓိဌာန်ပြသစ္စာရည်သောက်ခြင်းနဲ့ စစ်ရေးပြလှည့်လည်ပြီး အလေးပြုတာတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် ၅ ကို အခြေခံစစ်ပညာသင်တန်း တစ်လခွဲ၊အထူးစစ်ဆင် ရေးသင်တန်း နှစ်လ၊အထူးမွန်းမံသင်တန်းတွေအဖြစ် အဖွဲ့တွေခွဲပြီး စနိုက်ပါသင်တန်း၊ဆေးသင် တန်း၊လက်နက်ကြီးသင်တန်း၊ ဒရုန်းသင်တန်း တွေအပါအဝင် စုစုပေါင်း လေးလခွဲကြာ သင်ကြားခဲ့ကြတယ်လို့ ဆိုထားပါတယ်။ 

သင်တန်းကို KNKA မှသင်တန်းနည်းပြများ၊U.S မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းနည်းပြများ၊S.O.F သင်တန်းနည်းပြများမှ ကြီးကြပ်သင်ကြားပေးခဲ့ပြီး မွန်၊ကရင်၊ တနင်္သာရီရှိ တော်လှန်ရေးအဖွဲ့အသီးသီးမှ အထူးရွေးချယ်စေလွှတ်ထားတဲ့ အထူးတပ်ဖွဲ့ဝင် သင်တန်းသားတွေ ပါဝင်တက်ရောက်ခဲ့ကြတာပါ။ 

အပတ်စဉ် ၅ သင်တန်းဆင်းရဘော်တွေနဲ့ ဖွဲ့စည်းထားတဲ့ S.O.F စစ်ကြောင်း ၂ ဟာ သင်တန်း ဆင်းပြီးပြီးချင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ခလယ်တံခွန်တိုင်တိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့တွင်းတိုက်ပွဲ၊တောင်ကြာ အင်းစခန်းသိမ်းတိုက်ပွဲ၊ကော့ကရိတ်မြို့တွင်းတိုက်ပွဲတွေနဲ့ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ် အတွင်းက ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွေကို ဆက်တိုက်ဆင်နွှဲခဲ့ကြပြီး အောင်ပွဲများစွာ ရယူနိုင်ခဲ့တယ်လို့ အသ်ိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – S.O.F

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.