အစ္စရေးတိုက်ခိုက်မှုကြောင့် ရာဖာဒုက္ခသည်စခန်းက လူ ၄၀ နီးပါးသေဆုံး
ဒိုဟာ၊ ဖေဖော်ဝါရီ ၁၃ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးအရာရှိတွေက ပြောခဲ့ပါတယ်။ အရပ်သားတွေကို ကာကွယ်ရေးယုံကြည်စိတ်ချရတဲ့ အစီအစဉ်မရှိဘဲ ရာဖာကိုမတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးယိုင်ဒန်က ပြောခဲ့ပေမယ့် အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုတွေစတင်တဲ့ အချိန်ဟာလူအများအိပ်ပျော်နေချိန်ဖြစ်ပြီး ပြင်းထန်တဲ့ ဗုံးကြဲမှုတွေ ကြောင့် ရာဖာမြို့မှာ လူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အစ္စရေးရဲ့…