February 11, 2024

မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို စစ်ကောင်စီဖျက်ဆီးနေတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဖေဖော်ဝါရီ ၁၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူတွေကို အတင်းအကျပ်စစ်မှုထမ်းခိုင်းတာဟာ စက်ဆုတ် ရွံရှာဖွယ်ဖြစ်ပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ပိုပြီးဖျက်ဆီးလိုက်တာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ န.အ.ဖ စစ်အစိုးရ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေမယ်လို့ အမိန့်ကြော်ငြာစာထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ယာယီသမ္မတက သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ…

စစ်အုပ်စုကို တစ်နှစ်အတွင်း အမြစ်ဖြတ်နိုင်မယ်လို့ ညီနောင်သုံးဖွဲ့ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ တရုတ်လူမျိုးတွေရဲ့ နဂါးနှစ်အတွင်း မြန်မာလူထုတစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဟာ ကိစ္စပြီးမြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ အခုနှစ်ဟာ တရုတ်လူမျိုးတွေရဲ့ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းမယ့် အထွတ်အမြတ်နဂါးနှစ်ဖြစ်ပြီး ထူးခြားသော ဝိသေသတွေနဲ့ ပျော်ရွှင်မှုတွေက မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ဆန္ဒနဲ့ ထပ်တူကျလိမ့်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မျှော်လင့်တာပါ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့…

ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ထပ်မံတိုက်ပိတ်ခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ထပ်မံတိုက်ပိတ်ခံလိုက်ရပြီး ၆ ဦး အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ အထူးရှာဖွေစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂ ဦးထံကနေ ဖုန်းတွေ့ရှိတယ်ဆိုကာ…

ကော့ကရိတ်မြို့ မကျရေး စစ်ကောင်စီ ပြင်ဆင်မှုတိုးမြှင့်

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၁၁ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းမှုဟာ မြို့မကျရေးအတွက် ပြင်ဆင်လုပ်ဆောင်လာတာဖြစ်တယ်လို့ ကျားဖြူစစ် ကြောင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က မွန်ပြည်နယ်ကနေလာတဲ့ စစ်ကောင်စီတပ် ကားတန်း ၁၀ စီး အင်အား ၂၀၀ ဝန်းကျင်ဟာ ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ရောက်ရှိလာပြီး ကျုံဒိုးမြို့ကနေတစ်ဆင့်…