ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းမှာ သတင်းထုတ် ပြန်ပါတယ်။

ကိုးတန်ကောင်းစခန်းကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ရသေ့တောင်မြို့နယ် မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေး တပင်၊ အောင်ဆိပ်နဲ့သံချောင်းကျေးရွာတို့ကို လက်နက်ကြီးအပြင် လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ချအညံ့မခံတဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကိုလည်း ရက္ခိုင့်တပ်တော် AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တောမြို့တို့ကို အပြီးသတ်သိမ်းပိုက်ရ ရှိထားပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း AA သိမ်းပိုက်ရရှိထားတဲ့ မြို့တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက် ရှိ အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.