မော်စကို၊ ဖေဖော်ဝါရီ ၁၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အကျိုးစီးပွားတွေအတွက် အဆုံးထိတိုက်ခိုက်သွားမှာဖြစ်ပေမယ့် ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲကို ပိုလန်နဲ့လတ်ဗီးယားလိုနိုင်ငံတွေအထိ ပိုကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးတစ်ခုမှာသူက ပြောခဲ့တာပါ။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု မတိုင်ခင်တည်းက အမေရိကန်သတင်းထောက်နဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပူတင်က အနောက်တိုင်းခေါင်းဆောင်တွေဟာ ရုရှားအပေါ် မဟာဗျူဟာမြောက် ချေမှုန်းဖို့ မဖြစ်နိုင်ဘူးဆိုတာကို တွေးမိလာခဲ့ပြီး နောက်ထပ် ဘာလုပ်ရမလဲဆိုတာကို သိချင်နေကြပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားမှာ ထိန်းသိမ်းခံထားရတာ ၁ နှစ်နီးပါးကြာနေပြီဖြစ်တဲ့ လျှို့ဝှက်ထောက်လှမ်းမှု စွဲချက်တွေ နဲ့ ရုံးတင်ခံရဖို့ စောင့်ဆိုင်းနေသူ ဝေါလ်စထရိဒ်ဂျာနယ်ရဲ့ အမေရိကန်သတင်းထောက် အီဗန် ဂက်ရှ်ကိုဗစ် လွတ်မြောက်ရေး သဘောတူညီမှုတစ်ရပ် ရယူနိုင်ခြေရှိတယ်လို့ မိမိအနေနဲ့ယုံကြည်ကြောင်းသူက ပြောပါသေးတယ်။

ပူတင်က မော်စကိုမြို့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ အစီအစဉ်တင်ဆက်သူ တက်ကာ ကာလ်ဆင် နဲ့ နှစ်နာရီနီးပါးကြာအောင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်ကို အနာဂတ်မှာ ရုရှားစစ်သားတွေစေလွှတ်သွားဖို့ စိတ်ကူးထားပါသလားဆိုတဲ့ မေးခွန်းကိုတော့ ပူတင်က ပိုလန်အနေနဲ့ ရုရှားကို တိုက်ခိုက်လာမှပဲ ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ဧပြီလက အစ္စတန်ဘူလ်မြို့မှာပြုလုပ်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုအတွင်း တိုက်ခိုက်မှုတွေ ရပ်တန့်ရေး သဘောတူတော့မလိုဖြစ်ခဲ့ပေမယ့် ကိဗ်မြို့အနီးကနေ ရုရှားတပ်တွေ ပြန်ဆုတ်သွားပြီးနောက် သဘောထားပြန်ပြောင်းသွားခဲ့တယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ရုရှားကျူးကျော်တိုက်ခိုက်မှုစတင်ပြီးနောက်ပိုင်း ယူကရိန်းကို ဒေါ်လာ ၁၁၀ ဘီလျံကူညီထားတဲ့ အမေရိကန်က ပူတင်ရဲ့သတ်မှတ်ချက်တွေအတိုင်း ဆွေးနွေးဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ပြောထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.