ဘောလခဲ၊ ဖေဖော်ဝါရီ ၉

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းတပ်ခစန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က “၁၁၀၇ စစ်ဆင်ရေး”အဖြစ် ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်း တပ်စခန်းကို ကရင်နီပြည်နယ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA တပ်မဟာ ၇၈၂၆ ၊ တပ်မဟာမှူးဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိခဲ့သလို တချို့စစ်ကောင်စီ တပ်သားတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးသွားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၁၆ လက်၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ရေးဆိုင်ရာ ဆက် စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို KPLA တပ်မဟာ ၇၈၂၆ နဲ့အတူ KA၊ KNDF၊ PDF၊ KNPLF၊ Fedral Wing ဒရုန်းတပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.