ရုရှားအနေနဲ့ စစ်ပွဲပိုကျယ်ပြန့်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပူတင် ပြော
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရုရှားသမ္မတ ဗလာဒီမာပူတင်က အကျိုးစီးပွားတွေအတွက် အဆုံးထိတိုက်ခိုက်သွားမှာဖြစ်ပေမယ့် ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲကို ပိုလန်နဲ့လတ်ဗီးယားလိုနိုင်ငံတွေအထိ ပိုကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးတစ်ခုမှာသူက ပြောခဲ့တာပါ။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု မတိုင်ခင်တည်းက အမေရိကန်သတင်းထောက်နဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ…